Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၂ ခုနှစ်၊ ဒဿမအကြိမ်မြောက် ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲ ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ ဒဿမအကြိမ်မြောက် ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၁

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲအား နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များမှ ဖိတ်ကြားထားသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရွှေမော်ဓောဂေါပကအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့(၁၃)မှ ဖိတ်ကြားထားသူများ၊ မြို့မိ/မြို့ဖများ စုစုပေါင်း (၂၅၀)ဦးကျော် တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ တန်ဆောင်တိုင်ကာလအတွင်း ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အဦများတွင် သက်တော်ကြီးရင့်တော်မူကြသည့် ဆရာတော် ကြီးများ၊ နာမကျန်းသူများ၊ သက်ကြီးဘိုး/ဘွားများ၊ မသန်စွမ်းများ သက်တောင့်သက်သာ သွားလာနိုင်ရေး ရွေ့လျားစက်လှေကား၊ ဓါတ်လှေကားနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သလို မြို့မိ/ မြို့ဖများ၊ ပရဟိတအသင်းအဖွဲ့များနှင့် ပြည်သူလူထု၏ ပူးပေါင်းဝင်ဆောင်ရွက်မှုများကြောင့် တန်ဆောင် တိုင်ပွဲတော်နှင့် စတုဒီသာကျွေးမွေးလှူဒါန်းနိုင်မှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ နောင်တွင်လည်း တိုင်းဒေသကြီးအတွင်း ပြည်သူလူထု၏ လိုလားချက်၊ လိုအပ်ချက်များ၊ ရိုးရာအစဉ်အလာမပျက် ပွဲလမ်း သဘင်များအား ဆက်လက်ကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်၍ မြို့မိ/မြို့ဖများ၊ ပရဟိတ အသင်းအဖွဲ့များ၊ ပြည်သူလူထုအားလုံးက မိမိတို့အစိုးရအဖွဲ့နှင့်အတူ လက်တွဲညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြေစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် မြို့သူ/မြို့သားများကိုယ်စား ဦးဟိန်းထက်နှင့် ပရဟိတအသင်းများကိုယ်စား ကလျာဏ မိတ္တအသင်း ဥက္ကဋ္ဌ ဦးတင်မြင့်ဆွေတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပရဟိတအသင်းများအတွက် အင်္ကျီအထည်(၁၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြည်သူများနှင့်အတူတကွ နေလည်စာ သုံးဆောင်ခဲ့ကြောင်း သတင်း ရရှိသည်။