Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၂ ခုနှစ်၊ ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း ခြင်း အခမ်းအနားနှင့် အိမ်ထောင်စူလူဦးရေစာရင်းပုံစံ(၆၆/၆) အချက်အလက်များ Software Program အတွင်း ရာနှုန်းပြည့်ထည့်သွင်းပြီးစီးမှု ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း ခြင်း အခမ်းအနားနှင့် အိမ်ထောင်စူလူဦးရေစာရင်းပုံစံ(၆၆/၆) အချက်အလက်များ Software Program အတွင်း ရာနှုန်းပြည့်ထည့်သွင်းပြီးစီးမှု ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၈

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက် များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂ ခုနှစ်၊ ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များနှင့် ဌာနဆိုင်ရာအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လမ်းညွှန်ချက်များအတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက လုံခြုံရေး၊ ဘဏ္ဍာငွေအရ/ အသုံးဆိုင်ရာ ကိစ္စရပ်များ၊ ဌာနဆိုင်ရာများအလိုက် ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များအား ကဏ္ဍအလိုက် အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီးအတွင်း အိမ်ထောင်စူလူဦးရေစာရင်းပုံစံ(၆၆/၆) အချက်အလက် များအား Software Program အတွင်း ရာနှုန်းပြည့်ထည့်သွင်းပြီးစီးမှု ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) အချက်အလက်များအား Software Program အတွင်း ထည့်သွင်းရခြင်းသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် အဓိကအရေးပါသည့်အတွက် ယခုလုပ်ငန်းစဉ်ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် နေ့/ည ပိတ်ရက်မရှိ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းအားဖြင့် သတ်မှတ်ချိန်မတိုင်မီ ရာနှုန်းပြည့် ပြီးစီးနိုင်ခဲ့ပြီဖြစ်သည့်အတွက် ပါဝင်ဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြု အမှာစကား ပြောကြား ခဲ့သည်။

          ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက မြို့နယ် အလိုက် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) အချက်အလက်များ Software Program အတွင်း ရာနှုန်းပြည့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) အချက်အလက်များအား Software Program အတွင်း ရာနှုန်းပြည့် ပထမဆုံးပြီးစီးခဲ့သည့် သာယာဝတီခရိုင်အား ဂုဏ်ပြုငွေကျပ်(၁၅)သိန်း၊ ဒုတိယပြီးစီးခဲ့သည့် ညောင်လေးပင် ခရိုင်အား ဂုဏ်ပြုငွေကျပ်(၁၀)သိန်းနှင့် ကျန်ခရိုင်(၄)ခုအား ဂုဏ်ပြုငွေကျပ်(၅)သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအနေဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) စုစုပေါင်း(၁၁၀၆၃၆၈)ခု ထည့်သွင်းခြင်းအား ဇူလိုင်လ(၁၈)ရက်နေ့မှစတင်၍ ဌာနဆိုင်ရာဝန်ထမ်း ဦးရေ(၇၈၈)ဦး၊ ကွန်ပျူတာအလုံးရေ(၆၄၆)လုံးဖြင့် ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ(၁၅)ရက်နေ့တွင် ရာနှုန်း ပြည့် ထည့်သွင်းပြီးစီးခဲ့ကြောင်းနှင့် ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ဆဲကာလတွင် ခရိုင်/မြို့နယ်များသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စုစုပေါင်းကျပ် (၄၂၀)သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။