Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသား ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသား ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၁၇

================

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် မေလ(၁၇)ရက်နေ့ ညနေပိုင်းအချိန်က ၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် ဘော်လီဘော ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အားကစား ချစ်သူ ဒေသခံပြည်သူများ တက်ရောက်ကြပြီး တောင်ငူခရိုင်အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့၏ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှု့အား ကြည့်ရှု့အားပေးခဲ့ကြသည်။

ဆက်လက်၍ ဆုပေးပွဲအစီအစဉ်အား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသည့် သာယာဝတီ ခရိုင်မှ‌ မောင်ချစ်ညီညီအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သောင်းအားလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေမှ ဒုတိယဆုရရှိသော သာယာဝတီခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၆)သိန်းအားလည်းကောင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ ပထမဆုရရှိသော တောင်ငူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက်  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ  ဒိုင်အဖွဲ့များအား ဂုဏ်ပြုဆုငွေကျပ် (၂)သိန်းနှင့် ပထမဆုရရှိသော တောင်ငူခရိုင်အသင်းအား ပထမဆုဖလားနှင့် ငွေသားဆုကျပ်(၈)သိန်းတို့ အား ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြကြောင်းသိရသည်။

အဆိုပါ ၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသား ဘော်လီဘောပြိုင်ပွဲအား မေလ(၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ပဲခူး/ တောင်ငူ/ ပြည်/ သာယာဝတီခရိုင်တို့မှ ပြိုင်ပွဲဝင်အသင်း(၄)သင်း ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သတင်းရရှိသည်။