Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး မေ ၁၉
==============

ပဲခူးတက္ကသိုလ်၌ မေလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတက္ကသိုလ် စုဝေးခန်းမသို့ ရောက်ရှိခဲ့ပြီး၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာအေးအေးခိုင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ စီမံခန့်ခွဲရေး အရာရှိများမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။ ၎င်းနောက် ဝိဇ္ဇာဘာသာရပ်များကိုယ်စား ဒေါက်တာ သိင်္ဂီချိုကလည်းကောင်း၊ သိပ္ပံဘာသာရပ်များကိုယ်စား ဒေါက်တာအေးအေးမွန်ကလည်းကောင်း ဘာသာရပ်အလိုက် သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် ပဲခူးတက္ကသိုလ်သို့ ပထမနှစ် တက်ရောက်သင်ကြားမည့် မောင်/မယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေး စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျတုဆောင်ရှေ့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်လှုံ့ဆော်ရေး အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ” ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံစို့” စာတမ်းပါ မြေစိုက် ဗီနိုင်းပိုစတာဆိုင်းဘုတ်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုရအဖွဲ့ တာဝန်ရှိသူများက မြေစိုက် ဗီနိုင်းပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကြောင်း သတင်းရရှိသည်။