Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၃ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား/အမျိုးသမီးဖူဆယ်အသင်းနှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်

၂၀၂၃ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား/အမျိုးသမီးဖူဆယ်အသင်းနှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်

ပဲခူး ဇူလိုင် ၁၃

==================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမတွင် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား/အမျိုးသမီးဖူဆယ်အသင်းနှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပေးအပ်ပွဲနှင့် ဝန်ကြီးချုပ်၏ လမ်းညွှန်ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစား သမားများမှ တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြသည်။

         ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ကြမည့် အားကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှု စသည့်အခြေခံကောင်းတွေကိုပါ အစွမ်းကုန်ဖော်ထုတ်ရင်း အနိုင်ရရှိရေးအတွက် ကြိုးပမ်းယှဉ်ပြိုင် သွားကြရန်၊ ပြိုင်ပွဲကာလအတွင်းမှာလည်း ကိုဗစ်(၁၉)စည်းကမ်းချက်များနှင့်အညီ အနေအထိုင်၊ အစား အသောက်ဆင်ခြင်ပြီး ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဖူဆယ်အသင်းအနေဖြင့် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် အမျိုးသမီးပထမတံခွန်စိုက်ဖလားကို (၂)နှစ် ဆက်တိုက်ရရှိထားခဲ့ပြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုအသင်းအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၂)ခု ရရှိထားခဲ့ကြသော အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ယခုနှစ် တွင်လည်း ထပ်မံ၍ ရွှေ၊ငွေ၊ကြေး ဆုတံဆိပ်များအပြင် အသင်းလိုက်တံခွန်စိုက်ဆုဖလား ရရှိအောင် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ၂၀၂၃ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီး ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား/ အမျိုးသမီးဖူဆယ်အသင်း နှင့် ကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်းများအတွက် ထောက်ပံ့ငွေကျပ်(၄၉)သိန်းအား ထောက်ပံ့ပေးအပ် ပြီး ‌အသင်းအုပ်ချုပ်သူနှင့် နည်းပြများထံ အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။

       ယင်းနောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်ခိုင်မှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

        နေပြည်တော်တွင် ဇူလိုင်လ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ပြည်နယ်/ တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးမှ အုပ်ချုပ်သူ နည်းပြများ၊ အားကစားသမား(၃၇)ဦးနှင့် ရန်ကုန်မြို့တွင် ဇူလိုင်လ(၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်နယ်/ တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးမှ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမား(၁၂) ဦး သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။