Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၂၀၂၃)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရးရက်သတ္တပတ်များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်

(၂၀၂၃)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရးရက်သတ္တပတ်များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်

ပဲခူး ဩဂုတ် ၁၄

(၂၀၂၃)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရးရက်သတ္တပတ်များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားအား ဩဂုတ်လ(၁၄) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူလူထု အသိပညာတိုးတက်စေရန် ရည်ရွယ်ကာ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်မှာရှိသည့် လူသားအားလုံး မွေးဖွားလာစဉ်ကတည်းက အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုတို့အတွက် အစာအာဟာရ မှီဝဲစားသုံးကြရမှာဖြစ်ကြောင်း၊ ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်းတည်ဆောက်နိုင်ရန်နှင့် လူတစ်ဦး ချင်းစီ၏ ပျှမ်းမျှသက်တမ်း တိုးမြှင့်နိုင်ရေးအတွက် ကျောင်းသားလူငယ်များကျန်းမာရေး အဆင့်အတန်း မြင့်မားရေးသည် အဓိကကျသောကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ပေးခြင်းနှင့်အတူ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူခွန်လူကောင်းများ‌ ပေါ်ထွက်စေရန် အခြေခံကျပြီးအရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလု်ပငန်းများနှင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အခြေခံကျန်းမာ ရေး စောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာအောင် အားလုံးပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးသတ္တပတ် လှုပ်ရှားမှုမှတ်တမ်း Video Clip နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်း ကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု Video Clip တို့အား ကြည့်ရှုအားပေးခဲ့ပြီး ပဲခူးမြို့နယ်၊ အလိုင်နီကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/သူလေးများက ကျောင်းကျန်းမာရေး တေးသီချင်း ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်စိုးစိုးသက်က ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကာ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားတက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

          ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်စိုးစိုက်သက်တို့က ကျောင်းကျန်းမာရေးသရုပ်ပြ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ၎င်းနောက် အသက်(၅)နှစ်အောက် ကလေးငယ်များ အား Vitamin(A) ဆေးလုံးများတိုက်ကျွေးခြင်း၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းများအပြင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်နို့တိုက်မိခင်များအား Vitamin(B1)နှင့် အဏုအာဟာရ ဆေးပြားများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။