Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၃ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၂၈)မြို့နယ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၃ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၂၈)မြို့နယ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၇

=================

          ပဲခူးမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ စက်တင်ဘာလ(၂၆)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၂၈)မြို့နယ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ အမျိုးသား(၂)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးအသင်းနှင့် ရွှေတောင်အသင်း၊ အမျိုးသား(၃)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးအသင်းနှင့် အုတ်ဖိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ အခြေခံပညာ ကျောင်းသား/သူများက ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိခဲ့သူ(၃)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းအတွင်းရေးမှူး ဦးအေးမောင်ကြည်က ဆုတံဆိပ်နှင့် ငွေသားဆု(၁)သိန်းစီကိုလည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိသော ကြို့ပင်ကောက် မြို့နယ်အသင်းအား ဥပဒေချုပ် ဦးခင်မောင်တင့်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၂)သိန်းအားလည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိ သော အုတ်တွင်းမြို့နယ်အသင်းအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၃)သိန်းအားလည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိ သော ပဲခူးမြို့နယ်အသင်းအား လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၃)သိန်းအားလည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ပဲခူး မြို့နယ်အသင်းအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွဋ်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၅)သိန်းအားလည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေတောင်မြို့နယ်အသင်းအား သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော အုတ်ဖိုမြို့နယ် အသင်းအား စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဂုဏ်ပြုငွေကျပ်(၆)သိန်းအားလည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေတောင်မြို့နယ်အသင်းအား ပထမဆုဖလားနှင့် ငွေသားဆုကျပ်(၅)သိန်းအား လည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော အုတ်ဖိုမြို့နယ်အသင်း အား ပထမဆုဖလားနှင့် ငွေသားဆုကျပ်(၇)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသူများနှင့် အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးကြသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို စက်တင်ဘာလ(၂၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ ပြိုင်ပွဲဝင်အသင်း (၂၈)သင်း၊ ပြိုင်ပွဲဝင်အားကစားသမား (၁၄၀)ဦးပါဝင်ကာ အုပ်စုပတ်လည်ဖြင့် (၂)ယောက်တွဲပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိ သည်။