Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၃၁

===========

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၃၀)ရက်နေ့၊ မွန်းလွဲ ပိုင်းက ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးရိုးရာ အစဉ်အလာမပျက် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့် အလေ့အထကောင်းများအတိုင်း ယခုနှစ်တွင်လည်း မဟာသင်္ကြန် ပွဲတော်ကိုလည်း စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သင်္ကြန်နှင့်ယိမ်း ခွဲခြားလို့ မရသလို ယိမ်းပြိုင်ပွဲများ အတွက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုနှင့် နှစ်သိမ့်ဆုအပါအဝင် စုစုပေါင်း ကျပ်သိန်း (၁၆၀)ဖြင့် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲသူ များ အားလုံးကို ဌာနဆိုင်ရာမဏ္ဍပ်(၁၈)ခုမှ နေ့စဉ်စတုဒီသာများ ကျွေးမွေးလှူဒါန်းသွားမည့်အပြင် ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နေ့စဉ်လူဦးရေ(၃၀၀၀)ဦးစာ စတုဒီသာ(ထမင်းနှင့်ဟင်း) ကျွေးမွေး သွားမှာဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော်လာ ကလေးငယ်များအတွက် ရေလွှာလျှောစီးများလည်း ထည့်သွင်းပေး သွားမှာဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုမရှိစေရေး သက်ဆိုင်ရာဌာနများမှ စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆေးရုံများတွင် အရေးပေါ်ဌာနများ၌ လိုအပ်သည့် ဆေးဝါးများ ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲ များအပြင် နှစ်ဦးတရားဓမ္မသဘင်ပွဲများကိုလည်း အစဉ်အလာမပြတ် ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လုံခြုံရေးအထူးဂရုပြု ဆောင်ရွက် ကြရန်နှင့် ၂၀၂၄ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အားလုံး ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ ရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်း၊ ခေတ်ပေါ်တေးဂီတဖျော်ဖြေခြင်း၊ ယိမ်းပြိုင်ပွဲကျင်းခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် စတုဒီသာကျွေးမွေးခြင်းစသည့် လုပ်ငန်းကော်မတီအလိုက် အသီးသီး တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ရပ်ကွက်/ကျေးရွာအုပ်စု/ဌာနဆိုင်ရာ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့(၁၉)ဖွဲ့၊ ဧည့်ခံဖျော်ဖြေရေး သီးခြားယိမ်းအဖွဲ့(၄)ဖွဲ့ အပြင် မြို့တွင်း၌ သင်္ကြန်ကားဖြင့် ယိမ်းအဖွဲ့နှင့် တေးဂီတအဖွဲ့များက လိုက်လံဖျော်ဖြေ တင်ဆက်ပေး မည်ဖြစ်ကြောင်း သတင်းရရှိသည်။