Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၇

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အတွက် နေပြည်တော်တွင် နည်းပြသင်တန်းတက်ရောက်ခဲ့သူများနှင့် ယခုနည်းပြသင်တန်းတက်ရောက် မည့် သင်တန်းသားများက တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ တော့မည်ဖြစ်ရာ အဆိုပါလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး အလွန်ပင် တာဝန်ကြီးမား သဖြင့် အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ အစီအမံ ကောင်းများ၊ နည်းပညာများ အသုံးပြုစေကာမူ စာရင်းကောက်ယူမည့် စာရင်းစစ်/စာရင်းကောက်များက သန်းခေါင်စာရင်းမေးခွန်းပါ အကြောင်းအရာများကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်နှင့် ကျွမ်းကျင်ပိုင်နိုင်စွာ ကောက်ယူနိုင်မှသာလျှင် အရည်အသွေးကောင်းမွန်ပြီး အောင်မြင်တဲ့ သန်ခေါင်စာရင်းဖြစ်လာမှာဖြစ် ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် မူဝါဒများ ချမှတ်နိုင်ရေးအတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးအနက် ထား သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ ၂၀၂၄ ခုနှစ် သန်ခေါင်စာရင်းအား နိုင်ငံတကာအကူအညီအပါဘဲ မိမိတို့နိုင်ငံ၏ ဘဏ္ဍာငွေအရင်းအမြစ်၊ စွမ်းအားဖြင့် သာ ဆောင်ရွက်ရခြင်းဖြစ်၍ တိုင်းဒေသကြီးနည်းပြသင်တန်းသားများအနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဝင်းဦး က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ သက်ဆိုင်ရာကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း စာရင်းစစ်/ စာရင်းကောက် (၄၂၅၉)ဦး ခန့်အပ်တာဝန်ပေးသွားမှာ ဖြစ်ပြီး ခရိုင်(၆)ခု၌ စာရင်းကောက်ကွက်ပေါင်း(၁၁၅၄၀)အား တစ်ပြိုင်တည်းကောက်ယူသွားမှာဖြစ်ကာ သန်းခေါင်စာရင်းဆိုင်ရာလုပ်ငန်းများ ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး တိုင်းရင်းသား ဘာသာစကားများဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Bill Board စိုက်ထူခြင်းများ ဆောင်ရွက်ထား ပြီးဖြစ်သလို သန်းခေါင်စာရင်းအုပ်ချုပ်မှုဆိုင်ရာသင်တန်း(၆)ကြိမ် တက်ရောက်သင်ကြားထားပြီးဖြစ် ကြောင်း သတင်းရရှိသည်။