Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး စက်တင်ဘာ ၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ လ(၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၌ ကျင်းပပြုလုပ်နေသည့် တိုင်းဒေသကြီးအဆင့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှု တို့အား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ကျင်းပနေသည့် တိုင်းဒေသကြီးအဆင့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှ အဆင့်မြင့်ပညာ အဆင့် အဆို(မဟာဂီတ) ပြိုင်ပွဲဝင် မအိမ့်မှူးခင်နှင့် မဟေမာန်ကျော်တို့မှ “ပပဝင်းဝင်း” သီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေမှုအား လည်းကောင်း၊ ရှင်စောပုလမ်း၊ သီရိဟံသာခန်းမ၌ ဝါသနာရှင်ဒုတိယအဆင့် မယ်ဒလင်အတီးပြိုင်ပွဲဝင် ဦးစန်းဝင်း၊ ဦးရမ်းကျော်နှင့် ဦးသန်းရှိန်တို့မှ “ပန်းဟေဝန်” သီချင်းဖြင့် မယ်ဒလင်အတီးပြိုင်ပွဲဝင်နေမှုနှင့် ဦးသန်းရှိန်၏ ဝါသနာရှင်ဒုတိယအဆင့် ဂီတာအတီးပြိုင်ပွဲတွင် လက်စွမ်းပြတီးခတ်မှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ဒိုင်အဖွဲ့များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအဆင့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အခြေခံပညာအဆင့် (၁၅-၂၀) ဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲတွင် ညောင်လေးပင်ခရိုင်မှ မတုံတုံနှင့်အဖွဲ့၊ ပဲခူးခရိုင်မှ မောင်ဒီဇင်ဘာဒိုးလေးနှင့်အဖွဲ့၊ ပဲခူးခရိုင်မှ အဆင့်မြင့် ပညာအဆင့် ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲဝင် မမိုးပြည့်ပြည့်နိုင်တို့၏ လက်စွမ်း ပြ ယှဉ်ပြိုင်တီးခတ်နေ မှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ဗုဒ္ဓအသံဓမ္မဗိမာန်တွင် အဆိုပြိုင်ပွဲနှင့် အရေးပြိုင်ပွဲအားလည်း ကောင်း၊ သီရိဟံသာခန်းမတွင် အတီးပြိုင်ပွဲအားလည်းကောင်း၊ မြို့တော်ခန်းမ၌ ဆိုင်းအတီးပြိုင်ပွဲနှင့် အကပြိုင်ပွဲအားလည်းကောင်း စုစုပေါင်းပြိုင်ပွဲဝင်(၂၆၃)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိ သည်။