Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၂၄)ကြိမ်မြောက် ပဲခူးတို်ငးဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ  ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

(၂၄)ကြိမ်မြောက် ပဲခူးတို်ငးဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ  ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၁၅

=================

ပဲခူမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက (၂၄)ကြိမ်မြောက် ပဲခူးတို်ငး ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြု လုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၄)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ထူးချွန်ပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ဆက်လက် ထိန်းသိမ်းမည့် မျိုးဆက်သစ် အနုပညာရှင်များ ပေါ်ထွန်းလာသည်ကို မြင်တွေ့ရသည့်အတွက် အားရကျေနပ် ဂုဏ်ယူပါကြောင်း၊ ပြိုင်ပွဲကြီးဖြစ်မြောက်ရေးအတွက် အစ၊ အလယ်၊ အဆုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် ပညာရှင်များ၊ အကဲဖြတ်ဒိုင်များ၊ ဌာနဆိုင်ရာများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲတွင် ရွေးချယ်ခံရသူများအနေဖြင့် ပဲခူးတိုင်းဒေသကြီး၏ဂုဏ်ကို ဖော်ဆောင် ပေးနိုင်ရေးအတွက် စွမ်းရည်၊ ပါရမီများ သာလွန်ကောင်းမွန်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အကောင်းဆုံး လေ့ကျင့်ကြိုးစားပေးကြစေလိုကြောင်းနှင့် လိုအပ်သည်များ ထပ်မံပံ့ပိုးကူညီပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ပထမဆု ရရှိသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးတို့မှ အထူးဆုရရှိသူများ၊ ဒုတိယဆု ရရှိသူများ၊ တတိယဆုရရှိသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများက နှစ်သိမ့်ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းများ ကိုလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် ခရိုင်အလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုတံဆိပ်များ ချီးမြှင့်ခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် ဧည့်သည်တော်များအား ပြိုင်ပွဲဝင် ဆုရသူရှိသူများက အဆို၊ အကများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဒိုင်အဖွဲ့များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကာ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ပြိုင်ပွဲဝင်ဘာသာရပ်(၇၉)မျိုးဖြင့် အဆို၊ အက၊ အရေး၊ အတီး အနုသုခုမပြိုင်ပွဲဝင် စုစုပေါင်း(၂၀၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ကဏ္ဍ အလိုက် ဆုပေါင်း(၁၄၇)ဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။