Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၂၉)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များအား အအေးဗူး များ ဆက်ကပ်လှူဒါန်း

(၂၉)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များအား အအေးဗူး များ ဆက်ကပ်လှူဒါန်း

ပဲခူး ဇွန် ၁၀

===============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့၊ တာဝန် ရှိသူများနှင့်အတူ ဇွန်လ(၁၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ (၂၉)ကြိမ် မြောက် အစိုးရနိကာယ်စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်များနှင့် သီလရှင်များအား အအေးဗူးများ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည်  စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်ကြီးများအား ဖူးမြော်ကန်တော့ပြီး နဝကမ္မ အလှူတော် ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  (၂၉)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များအား ဖူးမြော်ကြည်ညိုခဲ့ပြီး အအေးဗူးများ ဆက်ကပ်ခဲ့ကြ သည်။

အဆိုပါ အစိုးရနိကာယ်စာမေးပွဲအား ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ သံဃာတော် များနှင့် သီလရှင်များ စုစုပေါင်း(၂၂၅)ပါး အေးချမ်းတည်ငြိမ်စွာဖြင့် စာမေးပွဲ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးအား လှည့်လည်ကြည့်ရှု ခဲ့ပြီး ဘာသာရေးဆိုင်ရာ အခမ်းအနားများတွင် ဆရာတော်များ စိတ်အေးချမ်းသာစွာ သတင်းသုံးနိုင်ရန် ရည်ရွယ်၍ ဓါတ်လှေကား တပ်ဆင်နိုင်ရေးနှင့် လေအေးပေးစက် တပ်ဆင်နိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။