Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သွေးလှူဒါန်းနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သွေးလှူဒါန်းနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

ပဲခူး စက်တင်ဘာ ၁၀

=====================

          ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုပေါင်းသွေး လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး/ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး များရှိ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း တပ်ဖွဲ့ဝင်(၄၇)ဦးမှ စုပေါင်းသွေးလှူဒါန်း နေမှု ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သွေးလှူဒါန်းနေသည့် တပ်ဖွဲ့ဝင် များအတွက် ထောက်ပံ့ငွေများအား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်ထံသို့လည်းကောင်း၊ သွေးလှူဒါန်းရာတွင် ကူညီဆောင်ရွက်ပေးကြသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများအား ဆေးရုံတာဝန်ရှိသူထံသို့လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့မဈေးအတွင်း ဈေးရောင်းချနေသည့် ဈေးသည် မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Myancopharm) ထပ်ဆောင်း Booster ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဈေးအတွင်း ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း ဈေးသူ/ဈေးသားများ အထူးလိုက်နာ ဆောင်ရွက်ကြရန်၊ ဈေးအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်သိမ်းစနစ် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ နာရီစင်ပန်းခြံသို့ ရောက်ရှိခဲ့ပြီး ပြန်လည်အဆင့်မြှင့်တင် ပေးနိုင်ရေးအတွက် Landscaping Design ရေးဆွဲတင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။