Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၄

===========

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ တိုင်းဒေသကြီးအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ရွှေညီအကိုအသင်းနှင့် ကဝမြို့မအသင်းတို့ ဘော်လီဘော ဗိုလ်လုပွဲ ယှဉ်ကစား နေမှုအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင် ရိုက်အကြီးတန်း နှစ်ယောက်တွဲပြိုင်ပွဲ၊ ကြက်တောင်ရိုက် အကြီးတန်းတစ်ဦးချင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက် အငယ်တန်းတစ်ဦးချင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဥပဒေချုပ်နှင့် ဝန်ကြီးများက ငွေသားဆုများ အသီးသီးချီးမြှင့်ကြသည်။

ထို့နောက် ဘော်လီဘောပြိုင်ပွဲတွင် ပထမရရှိ‌သော ကဝမြို့မအသင်းအား ချီးမြှင့်ငွေကျပ် (၃)သိန်း၊ ဒုတိယရရှိသော ရွှေညီအကိုအသင်းအား ချီးမြှင့်ငွေကျပ်(၂)သိန်း၊ အမျိုးသမီးမီနီမာရသွန် ပြိုင်ပွဲနှင့် အမျိုးသားမီနီမာရသွန်ပြိုင်ပွဲတို့တွင် နှစ်သိမ့်ဆု၊ ဆဌမဆု၊ သတ္တမဆု၊ အဌမဆု၊ နဝမဆုနှင့် ဒသမဆု ရရှိသူများအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ သယံဇာတရေးရာ ဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့ကလည်းကောင်း၊ အမျိုးသမီးမီနီမာရသွန်ပြိုင်ပွဲ ပထမဆုရရှိသူအား ချီးမြှင့်ငွေကျပ်(၅)သိန်း၊ ဒုတိယဆုရရှိသူအား ချီးမြှင့်ငွေကျပ်(၃)သိန်း၊ တတိယဆုရရှိသူအား ချီးမြှင့်ငွေ ကျပ်(၂)သိန်း၊ စတုတ္ထဆုရရှိသူအား ချီးမြှင့်ငွေကျပ်(၁)သိန်းကျပ်နှင့်  ပဉ္စမရရှိသူများအား ချီးမြှင့်ငွေကျပ် (၁)သိန်းတို့အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေကလည်းကောင်း ဆုများအသီးသီးပေး အပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားမီနီမာရသွန်ပြိုင်ပွဲတွင် ပထမရရှိသော ပဲခူးမြို့မှ မောင်စောပြည့်စုံနေအား ချီးမြှင့်ငွေကျပ်(၅)သိန်း၊ ဒုတိယရရှိသော ပဲခူးမြို့မှ မောင်ပြည့်စုံထွန်းအား ချီးမြှင့်ငွေကျပ်(၃)သိန်း၊ တတိယရရှိသော သနပ်ပင်မြို့မှ မောင်ကုလားကြီးအား ချီးမြှင့်ငွေကျပ်(၂)သိန်း၊ စတုတ္ထရရှိသော သနပ်ပင်မြို့မှ မောင်သူရိန်လင်းအား ချီးမြင့်ငွေကျပ်(၁)သိန်း၊ ပဉ္စမရရှိသော သနပ်ပင်မြို့မှ မောင်ကျော်ဇော်လင်းအား ချီးမြှင့်ငွေ(၁)သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ၏ အနီးကပ်ကြီးကြပ်မှုဖြင့်  ပဲခူးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ မီနီမာရသွန်၊ ချောတိုင်တက်၊ ခေါင်းအုန်းရိုက်၊ လွန်ဆွဲ၊ ထုပ်ဆီးထိုး၊ ကလေးများပျော်ပွဲရွှင်ပွဲ(၈)မျိုး စသည့် အားကစားပွဲများ ကျင်းပပြုလုပ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ငွေကျပ်(၆၃)သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။