Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၄
===================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တောင်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လွတ်လပ်ရေးနေ့ အခမ်းအနားကို လွတ်လပ်ရေးနေ့ ဦးတည်ချက်များနှင့်အညီ ကျင်းပသွားရန် ဖြစ်ပါကြောင်း၊ မြို့နယ်/ရပ်ကွက်များအလိုက် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပဲခူးမြို့တွင်လည်း Mini မာရသွန်အပါအဝင် အားကစား နည်း(၉)မျိုးကို ထည့်သွင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံတော် အဆင့် ဂုဏ်ထူးဆောင်ဆုရရှိထားသူများ၊ မော်ကွန်းဝင်အဆင့်ရရှိထားသူများနှင့် သီးခြားထောက်ပံ့ ပေးရမည့်သူများကိုလည်း ပြည့်စုံအောင် ဖိတ်ကြားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လွတ်လပ်ရေးနေ့၌ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် သစ်သီးဝလံပန်းမံပြခန်း ပြိုင်ပွဲများ ထည့်သွင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက် ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် လျာထားချက်များကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြရာ တက်ရောက်လာ သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အကြုပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။