Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၌ ရန်ကင်းသာပန်းခြံအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၌ ရန်ကင်းသာပန်းခြံအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး ဒီဇင်ဘာ ၂၃

==================

          ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့သော ရန်ကင်းသာပန်းခြံသစ်အား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို  ကြိုဆိုဂုဏ်ပြု သောအားဖြင့် အဆိုပါပန်းခြံကားပါကင်၌ ဒီဇင်ဘာလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ဖွင့်လှစ်ပွဲကျင်းပပြုလုပ် သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကင်းသာပန်းခြံဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

          ထို့နောက် တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကောင်းထိုက်၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးတင်သိန်းနှင့် လူမှုရေးရာဝန်ကြီး ဦးအောင်မင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပန်းခြံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ပြုပြင်ထိန်းသမ်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအတိုင်း ပြည်သူများ စိတ်လက်အပန်းပြေစေရေး၊ ကျန်းမာရေးလေ့ကျင့်ခန်းများ နှင့် လမ်းလျှောက်ခြင်းများ ဆောင်ရွက်နိုင်စေရေးအတွက် Public Area များ ဖော်ထုတ်ပေးခြင်း၊ အဆင့်မြှင့် တင်ပေးခြင်း၊ ဟံသာဝတီရှေးဟောင်းကျုံးအား ပြန်လည်တူးဖော်ခြင်း၊ ကျုံးပတ်လမ်းများ ဖောက်လုပ်ခြင်း တို့အပြင် ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခု၏ အင်္ဂါရပ်နှင့်အညီဖြစ်စေရေး မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း၊ လူသွားလမ်းပလက်ဖောင်းများတည်ဆောက်ပေးခြင်း၊ မြို့သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ခြင်း၊ ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရေး လမ်းညွှန်အမှတ်အသားများ ဆောင်ရွက် ပေးခြင်း၊ လမ်းလယ်ကျွန်းများ ဖော်ဆောင်ပေးခြင်း၊ လမ်းမီးတိုင်များစိုက်ထူခြင်းနှင့်အတူ ရှေးဟောင်း အဆောက်အဦများ၊ အထင်ကရ ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အဦများအား ဘက်စုံအဆင့် မြှင့်တင်ပေးခြင်းတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။