Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့နယ်အတွင်း လမ်း များနှင့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့နယ်အတွင်း လမ်း များနှင့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁

===============================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့နယ်အတွင်း လမ်းများနှင့် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်ရှိ လမ်းဖွင့်ပွဲနေရာသို့ ရောက်ရှိလာရာ တိုင်းရင်းသား အကြီးအကဲတစ်ဦးမှ ကရင်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ပေးခဲ့ပြီး ဘုရားသုံးဆူအဝင်လမ်း ဂဝံရောမြေခင်းခြင်းနှင့် ကရင်စုလမ်းသွယ်(၃)လမ်း ဂဝံရောမြေ ခင်းခြင်း ဖွင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပဲခူးမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၊ အမှုဆောင်အရာရှိက လမ်းတည်ဆောက်ခြင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးမှ လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံအား ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဘုရားသုံးဆူလမ်းနှင့် ကရင်စုလမ်းသွယ်(၃)တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          အဆိုပါ ဘုရားသုံးဆူ အဝင်လမ်းနှင့် ကရင်စုလမ်းသွယ်(၃)လမ်းတို့သည် မူလကသတ်မှတ် ခဲ့သည့် လမ်းဧရိယာများအတိုင်း မရှိတော့ဘဲ ခေတ်အဆက်ဆက် ကျူးကျော်များ ဝင်ရောက်နေထိုင် သောကြောင့်  လမ်းကျဉ်း၍ ကားဝင်/ထွက်၍မရခြင်း၊ အရေးပေါ် လူနာတင်ယာဉ်နှင့် မီးသတ်ကားများ ဝင်/ထွက်၍မရသဖြင့် ရပ်ကွက်အတွင်းနေ ပြည်သူများ စိတ်သောကရောက်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ရာမှ ယခုအခါ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျူးကျော်များရှင်းလင်း၍ ရပ်ကွက်အတွင်း မူလလမ်းများဖြစ်သည့် ဘုရားသုံးဆူ အဝင်လမ်းနှင့် ကရင်စုလမ်းသွယ်(၃)လမ်းတို့အား ဂဝံမြေနီလမ်း အဖြစ် ပြန်လည်အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ရပ်ကွက်နေ ကရင်တိုင်းရင်းသားများမှ ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိလျက်ရှိပြီး လာမည့်နှစ်တွင် ကွန်ကရစ်လမ်းအဖြစ် ထပ်မံအဆင့် မြှင့်တင်ပေးသွားမည် ဖြစ်သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ လေးအိမ်စု-မယင်း-ရွာဟောင်းလမ်း အရှည်(၀.၅၅)မိုင်၊ အကျယ်(၁၂)ပေ၊ အမြင့်(၇)လက်မရှိ ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ ကွန်ကရစ်လမ်းအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၁၃၇.၁၂)သန်းဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စု၊ ကန်တော်ကျေးရွာမီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ ကန်တော်ကျေးရွာ ပဲခူးမြို့အနောက်ဘက် မြို့ရှောင်လမ်းနှင့်ကပ်လျက်ရှိသော်လည်း ခေတ်အဆက်ဆက် မီးလင်းနိုင်ခဲ့ခြင်းမရှိဘဲ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် (၁)လအတွင်း လျှပ်စစ် မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့သဖြင့် အိမ်ခြေ(၁၃၀)ဦး လျှပ်စစ်မီးသုံးစွဲနိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။