Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်ချီးမြှင့်

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်ချီးမြှင့်

ပဲခူး ဩဂုတ် ၁၅

======================

      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေး နေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် ဆုပေးပွဲအခမ်း အနားအား ဩဂုတ်လ(၁၅)ရက်နေ့ နံနက်ပိုင်း၌ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိခရိုင်(၆)ခုမှအဆိုရှင်(၁၂)ဦးတို့က နှလုံးသားကိုအလှဆင်ပါ သီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ကြည့်ရှု အားပေးခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား  တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူ များကလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တတိယဆုရရှိသူ တောင်ငူခရိုင်ကိုယ်စားပြု ဒေါ်မြမြသက်အား အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ ဒုတိယတပ်မှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသူ ပြည်ခရိုင် ကိုယ်စားပြု ဒေါ်မြတ်ကေခိုင်အား တို်ငးဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်ကလည်းကောင်း၊ ပထမဆုရရှိသူ ပဲခူးခရိုင်ကိုယ်စားပြု ဦးလျှမ်းထက်ကို အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

၎င်းနောက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများက ပြိုင်ပွဲဝင်သီချင်းများ၊ စိတ်ကြိုက်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တီးဝိုင်းပညာရှင်များ၊ သီဆိုဖျော်ဖြေခဲ့ကြသည့် အဆိုရှင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိသည်။