Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို တူယှဉ်တွဲပျော်ဂီတပွဲတော် ဆုပေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို တူယှဉ်တွဲပျော်ဂီတပွဲတော် ဆုပေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

ပဲခူး နိုဝင်ဘာ ၁၇

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို တူယှဉ်တွဲပျော်ဂီတပွဲတော် ဆုပေးပွဲအခမ်းအနားအား နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေပိုင်း၌ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး တိုင်းဒေသကြီးကိုယ်စားပြုအဆိုရှင်များ သီဆိုယဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

          ထို့နောက်  (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို တူယှဉ်တွဲပျော်ဂီတပွဲတော် အခမ်းအနား တွင် ပထမဆု၊ ဒုတိယဆုနှင် တတိယဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသူများအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့ကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေ အားလည်းကောင်း၊ အကဲဖြတ်အမှတ်ပေးသည့် ဒိုင်လူကြီး(၃) ဦးအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး က အမှတ်တရလက်ဆောင် အသီးသီးပေးအပ်ခဲ့ကြသည်။

          ယင်းနောက်  (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို တူယှဉ်တွဲပျော်ဂီတပွဲတော် ဆုရ ပြိုင်ပွဲ ဝင်(၃)ဦးတို့မှ ဧည့်ခံဖျော်ဖြေသီဆိုခဲ့ကြောင်း သိရှိရသည်။

               အဆိုပါ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဂုဏ်ပြုတေးသီချင်းသီဆိုမှုပြိုင်ပွဲ အတွက် တိုင်းဒေသကြီးကိုယ်စားပြုအဆိုရှင်များသီဆိုယှဉ်ပြိုင်ပွဲတွင် ပဲခူးခရိုင်မှ(၆)ဦး၊ တောင်ငူခရိုင်မှ (၂)ဦး၊ ပြည်ခရိုင်မှ (၃)ဦးနှင့် သာယာဝတီခရိုင်မှ (၃)ဦး စုစုပေါင်း ပြိုင်ပွဲဝင် (၁၄)ဦးတို့က ပြဋ္ဌာန်းသီချင်း(၃)ပုဒ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ငွေကျပ်(၁၀)သိန်းအား ပဲခူးခရိုင်မှ ဒေါ်အိဟေမာန်၊ ဒုတိယဆုငွေကျပ်(၆)သိန်း အား ပဲခူးခရိုင်မှ ဦးကိုကိုဝင်းနှင့် တတိယဆုငွေကျပ် (၃)သိန်းအား တောင်ငူခရိုင်မှ ဒေါ်ချစ်နုတို့က အသီးသီး ဆွတ်ခူးရရှိခဲ့ကြကြောင်း သတင်းရရှိသည်။