Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအလွတ်တန်း ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအလွတ်တန်း ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဖေဖော်ဝါရီ ၅

==========

      (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

       ရှေးဦးစွာ ရွှေဝါထွန်းဘော်လီဘောအသင်းနှင့် ကဝမြို့မဘော်လီဘောအသင်းတို့ တတိယနေရာလုပွဲနှင့် LUCKY FISHအသင်းနှင့် ပဲခူးတက္ကသိုလ်မိသားစုအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှု့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်ပြည်သူများက ကြည့်ရှု့အားပေးခဲ့ကြသည်။

       ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အကောင်းဆုံး အားကစားသမားဆုရရှိသူများ အား ဆုတံဆိပ်နှင့်ငွေသားဆုများကို အစိုးရအဖွဲ့တာဝန်ရှိသူများမှလည်းကောင်း၊ တတိယဆုရရှိသော ရွှေဝါထွန်းဘော်လီဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်းကျပ်ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ ဒုတိယဆုရရှိသော ပဲခူးတက္ကသိုလ်‌မိသားစု ဘော်လီဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၇)သိန်းကျပ်အား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်မှ လည်းကောင်းဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

      ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ ဒိုင်များအား ထောက်ပံ့ငွေပေးအပ်ပြီး ပထမဆုရရှိသော LUCKY FISH ဘော်လီဘောအသင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်အား ပေးအပ်ချီးမြှင့်သည်။

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲအား ဖေဖော်ဝါရီလ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲအသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။