Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားပိုက်ကျော်ခြင်း/ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားပိုက်ကျော်ခြင်း/ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၉

=========

           (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသားပိုက်ကျော်ခြင်းနှင့် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၈)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကများ ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲအဖြစ် ဇိုင်း/တောင်(က)အသင်းနှင့် P.H.Kစည်တီး(က)အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု၊ အလွတ်တန်းဖူဆယ်ဗိုလ်လုပွဲအဖြစ် HTAN THEE အသင်း နှင့် LUCKY FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးကြသည်။

          ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အလွတ်တန်းဖူဆယ်ပြိုင်ပွဲတို့တွင် အကောင်ဆုံးအားကစားသမားဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆု (၁)သိန်းကျပ်စီကို အစိုးရအဖွဲ့ အတွင်း‌ရေးမှူးနှင့် ဥပဒေချုပ်တို့မှလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိသော K.T.N(B)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၃)သိန်းကျပ်ကို လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ အလွတ်တန်းဖူဆယ်ပြိုင်တွင် တတိယဆုရရှိသော ဥဿာအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်းကျပ်ကို လူမှုရေးရာဝန်ကြီးမှလည်းကောင်း၊ ပိုက်ကျော်ခြင်း ပြိုင်တွင် ဒုတိယဆုရရှိသော P.H.Kစည်တီး(က)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်း ကျပ်ကို သယံဇာတရေးရာဝန်ကြီးမှလည်းကောင်း၊ အလွတ်တန်းဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော LUCKY FCအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၇)သိန်းကျပ်ကို စီးပွားရေးရာဝန်ကြီး မှလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဇိုင်း/တောင်(က) အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်ကောင်း၊ အလွတ်တန်းဖူဆယ်ပြိုင်ပွဲတွင် ပထမဆု ရရှိသောHTAN THEEအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်မှလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

      ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကပြဖျော်ဖြေကြသည့်အဖွဲ့(၂)ဖွဲ့အတွက် ချီးမြှင့်ငွေ(၅)သိန်းကျပ်စီနှင့် ပိုက်ကျော်ခြင်း၊ဖူဆယ်ပြိုင်ပွဲ ဒိုင်လူကြီးများ ထောက်ပံ့ငွေ(၆)သိန်းပေးအပ်ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဇိုင်း/တောင်(က)အသင်းအား ဆုဖလားနှင့်ငွေသားဆု(၇)သိန်း ကျပ်အားလည်းကောင်း၊ အလွတ်တန်းဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသော HTAN THEE အသင်းအား ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

           (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသားပိုက်ကျော်ခြင်းနှင့် အလွတ်တန်းဖူဆယ်ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂) ရက်နေ့မှ (၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ အသင်း(၆)သင်း၊ အလွတ်တန်းဖူဆယ် ပြိုင်ပွဲ၌ အသင်း(၁၇)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။