Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၊ ဘုရင့်နောင်ဝန်ထမ်းအိမ်ရာ စခန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၊ ဘုရင့်နောင်ဝန်ထမ်းအိမ်ရာ စခန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူး မတ် ၂၄

================

             (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မတ်လ(၂၂)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ သမိန်ဗရမ်းလမ်းရှိ ဘုရင့်နောင်ဝန်ထမ်း အိမ်ရာစခန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

               ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့ အစည်းများ တိုးမြှင့်ထားသဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်း ပေးရန် နှစ်အလိုက်ဘတ်ဂျက်လျာထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဆင်ပြေစိတ်ချလုံခြုံစွာ မိသားစုဘဝများဖြစ်စေရေး၊ ဌာနပေါင်းစုံ ဝန်ထမ်းများ စုပေါင်းနေထိုင်ခြင်း ဖြင့် ချစ်ခင်ရင်းနှီးပြီး စုပေါင်းနေထိုင် စုပေါင်းလုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေးနှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို အေးချမ်းစွာ ဆောင်ရွက်နိုင်စေရေးအတွက် ယခုလို ဝန်ထမ်းအိမ်ရာစခန်းများ တည်ဆောက်ပေးရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့နေထိုင် သည့် ဝန်ထမ်းအိမ်ရာစခန်း အစဉ်အမြဲလှပစေရန်၊ သန့်ရှင်းသပ်ရပ်စေရန်နှင့် အရိပ်ရသီးပင်/စားပင်များ စုပေါင်းစိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် မိမိတို့အိမ်ရာစခန်း တန်ဖိုးမြှင့်အောင် အစဉ်အမြဲ ထိန်းသိမ်းကြစေလို ကြောင်း ပြောကြားခဲ့သည်။

              ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုး‌ရွှေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး‌ ကျော်ထွဋ်တို့က ဘုရင့်နောင်ဝန်ထမ်း အိမ်ရာစခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီးများက ဘုရင့်နောင်ဝန်ထမ်း အိမ်ရာစခန်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ဖတ်ဖြန်းပေးခဲ့ပြီး ဘုရင့်နောင်အိမ်ရာဝန်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဘုရင့်နောင်ဝန်ထမ်းအိမ်ရာစခန်းသည် (၄)ခန်းတွဲ (၅)ထပ် အဆောက်အဦ(၄)လုံး၊ အခန်း(၈၀)ပါရှိပြီး ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် (၁၄၈၀)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အပြင် နိုင်ငံ့ဝန်ထမ်းများအတွက် လုံခြုံပြည့်စုံပြီး သာယာလှပသည့် အိမ်ရာစခန်းတစ်ခု ဖြစ်စေရေးအတွက် လိုအပ်သည့် Infrastructure အတွက် ကျပ်သန်း (၃၂၃.၇၁)သန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံခွင့်ပြု ဆောက်လုပ်စေခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ရန်ကုန်-မန္တလေးလမ်းနှင့် အနောက်ဘက်မြို့ရှောင်လမ်းကြား(Public Area)၌ ဘုရင့်နောင်ရုပ်တုနှင့် ရင်ပြင်ပန်းခြံတည်ဆောက် နေမှုနှင့် ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၅)၊ သမိန်ဗရမ်းလမ်း လမ်းသားတိုးချဲ့နေမှုတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။