Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာ အဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ ကျေးရွာ တွင်းလမ်းနှင့် သောက်သုံးရေရရှိရေးလုပ်ငန်း ဖွင့်လှစ်ပွဲကျင်းပပြုလုပ်

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာ အဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ ကျေးရွာ တွင်းလမ်းနှင့် သောက်သုံးရေရရှိရေးလုပ်ငန်း ဖွင့်လှစ်ပွဲကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၆

================

          ပဲခူးမြို့၊ ရွာသစ်ကျေးရွာ၌ ဖေဖော်ဝါရီလ(၆)ရက်နေ့၊ နံနက်ပိုင်းက (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု‌လျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ ကျေးရွာတွင်းလမ်းနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းဖွင့်လှစ်ပွဲအခမ်းအနားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် စေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသန္တရစီမံကိန်းများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ကြိုးစားဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှသာ မိမိတို့၏ ဒေသအလိုက် လိုအပ်ချက်များကို ထိထိရောက်ရောက် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှာဖြစ်သလို မိမိတို့ရပ်ရွာမှလည်း ဆောင်ရွက်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြောင်းနှင့် ရွာသစ်ကျေးရွာ၌ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး ဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ ကျေးရွာတွင်းလမ်းနှင့် သောက်သုံး ရေ ရရှိရေးလုပ်ငန်း ဆောင်ရွက်ပေးနိုင်ရန် ထောက်ပံ့ပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနဆိုင်ရာများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ သည်။

          ထို့နောက် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ရာ ကျေးရွာရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ ကျေးရွာတွင်းလမ်းတို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံ ငွေကျပ် (၄၈.၇၅)သန်းဖြင့် စက်ရေတွင်း၊ ရေစင်၊ ဆိုလာရေတင်စနစ်နှင့် ကျေးရွာတွင်း ရေပိုက်လိုင်း သွယ်တန်းခြင်း ဆောင်ရွက်ပြီးစီးခဲ့မှုပေါ် ကျေးရွာအတွင်းသို့ သောက်သုံးရေစတင်ဖြန့်ဝေပေးနိုင်ရေး ရေဘား ဖွင့်လှစ်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေ ရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိစေရေး မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ကောင်းမွန် မှန်ကန်စေရေး အသိပညာပေးပြောကြားခဲ့ကာ မြေဧရိယာ(၇၀)ဧကအား ယခင်တစ်နှစ်(၁)သီးစိုက်မှ တစ်နှစ် (၂)သီး စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးထားမှုအပေါ်       Drum Seeder ဖြင့် နွေစပါး စိုက်ပျိုးနေမှု၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကာကီကင်းဘဲကောင်ရေ(၁၇၀၀) မွေးမြူထားရှိမှုနှင့် ကလိကျေးရွာ၌ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တိုင်းဒေသကြီးအတွင်း ထုတ်လုပ်နိုင်ခဲ့သည့် တန်ဖိုးသင့် လက်ဆွဲကောက်စိုက်စက်များဖြင့် နွေစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။