Daily Archives: September 5, 2024

စတုတ္ထအကြိမ်မြောက် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့် စျေးသူ/စျေးသားများမှ စားသောက်ဖွယ်ရာများ မေတ္တာဖြင့်ထပ်မံပေးပို့လှူဒါန်း

ပဲခူး စက်တင်ဘာ ၅           နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံ ထမ်းဆောင်နေကြ သည့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ၊ တပ်မတော်ချစ်သူများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက်ရှိရာ စက်တင်ဘာလ(၅)ရက်နေ့တွင် စတုတ္ထအကြိမ်မြောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့် စျေးသူ/စျေးသားများ စုပေါင်းအားဖြင့် ပြည်သူများက တပ်မတော် သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုင်းပြည်အတွက် အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကိုယ်စွန့်မှု၊ ရဲဝင့်စွန့်စားမှုများ အပေါ် စေတနာမေတ္တာ တုံ့ပြန်သောအားဖြင့် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ပရဟိတလူမှု ကူညီရေးအသင်း များ၏ စားသောက်ဖွယ်ရာများ စုပေါင်းကြော်လှော် ချက်ပြုတ်နေမှုနှင့် ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင် ထုပ်ပိုးနေမှုများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

စက်တင်ဘာ ၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၄) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ကောက်ယူတော့မည်ဖြစ်ရာ အသုံးပြုရမည့် အထောက်အကူပြု ပစ္စည်းများ သတ်မှတ်နေရာသို့ အချိန်မီရောက်ရှိစေရန် လိုအပ်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သလို ခရိုင်အဆင့်နည်းပြသင်တန်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး မြို့နယ် အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများအား သတ်မှတ်ရက်အတိုင်း ဖွင့်လှစ်ပို့ချနိုင်ရေး ပြင်ဆင် ထားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး လွှမ်းခြုံမှုရာနှုန်းပြည့်ရရှိနိုင်ရန်၊ အရည်အသွေး ကောင်းမွန်သည့် သန်းခေါင်စာရင်းဖြစ်စေရန်၊ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး …

Read More »