Daily Archives: September 7, 2024

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ဟံသာဝတီဖလား အသက်(၂၁)နှစ်အောက် အလွတ်တန်း အမျိုးသားဖိတ်ခေါ်ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူး စက်တင်ဘာ ၆           တိုင်းဒေသကြီးအတွင်း မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အစဉ် အလာ ကြီးမားခဲ့သည့် ပဲခူးတိုင်း၏ဘောလုံးအားကစားဂုဏ်ကို ပြန်လည်ဖော်ထုတ်နိုင်စေရေး အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ ဟံသာဝတီဖလား အသက်(၂၁) နှစ်အောက် အလွတ်တန်း အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၆)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဘောလုံးဝါသနာရှင် ပြည်သူများ လာရောက်ကြည့်ရှု့အားပေးကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက (၃:၂)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။           ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရာပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိသည့် …

Read More »