Daily Archives: September 11, 2024

ပဲခူးတက္ကသိုလ်၌ အခြေခံပညာ / အဆင့်မြင့်ပညာ ကျောင်းသားများနှင့် လူငယ်များအတွက် ဥပဒေ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၁           ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံပညာ / အဆင့်မြင့်ပညာ ကျောင်းသားများနှင့် လူငယ်များအတွက် ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ် များဖြစ်စေရေး လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးကို အလေးထားပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဥပဒေ၏ အခြေခံသည် စည်းကမ်းဖြစ်ပြီး အခြေခံဥပဒေဆိုင်ရာ အသိအမြင်ရရှိစေရေး ပညာပေးမှုနှင့် ထိန်းကျောင်းမှုများကို ဆောင်ရွက်ရန်လိုအပ်မှာဖြစ်ကြောင်း၊ ဥပဒေပညာရပ်များကို သင်ကြားတတ်မြောက်ပြီးတဲ့အခါမှာလည်း လိုက်နာရမည့် အချက်တွေ ရှောင်ရှားရမည့်အချက်တွေကို သိရှိပြီး စည်ကမ်းရှိစွာနေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးသွားရမှာဖြစ်ပြီး ပညာတွေတော်ပြီး ကိုယ်ကျင့်တရားမကောင်းပါက …

Read More »