Daily Archives: September 15, 2024

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တိုင်းမှူးတို့ တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့

တောင်ငူ စက်တင်ဘာ ၁၅          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့်အတူ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းကရေကြီးရေလျှံမှုများအား သွားရောက် ကူညီ ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ သာသနာ့ဟိတကာရီ ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင်သဘာဝဘေးကွပ်ကဲမှုရုံးသို့ ရောက်ရှိခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  အောင် သောင်းထိုက်က တောင်ငူခရိုင်အတွင်း ရေဝင်ရောက်မှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း များအလိုက် တာဝန်ပေးအပ်ထားသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများက ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း များ၏ အခြေအနေများအား သေးစိတ်ရှင်းလင်တင်ပြခဲ့သည်။           ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာယီရေဘေးရှောင်စခန်းများအလိုက် စားသောက်နေထိုင် ရေး အဆင်ပြေရန်၊  ကူညီကယ်ဆယ်ရေးအတွက် လိုအပ်သည့် စက်တပ်ရေယာဉ်များ၊ စစ်တောင်းမြစ်ရေ ဝင်ရောက်နိုင်သည့် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းမှူးတို့ တောင်ငူမြို့နှင့် ရေတာရှည်မြို့များရှိ ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့

တောင်ငူ စက်တင်ဘာ ၁၄            ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့်အတူ စက်တင်ဘာလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့နှင့် ရေတာရှည်မြို့ များရှိ ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ သာသနာ့ဟိတကာရီ ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင်သဘာဝဘေးကွပ်ကဲမှုရုံးသို့ ရောက်ရှိခဲ့ပြီး ခရိုင်သဘာဝ ဘေးကော်မတီဝင်များနှင့်တွေ့ဆုံ၍ ရေဘေးကယ်ဆယ်ရေးစခန်းအလိုက် ခရိုင်အဆင့်ဌာနဆိုင်ရာ ဦးဆောင်သောအဖွဲ့ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစီစဉ်ဆောင်ရွက်ပေးရန်၊ ရေသန့်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်လှေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် စေတနာရှင် အလှူရှင် များ၏ တန်ဖိုးငွေကျပ်(၄၆၂၀၀၀၀၀) တန်ဖိုးရှိ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။          ထို့နောက် …

Read More »