Daily Archives: September 20, 2024

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် MSMEs လုပ်ငန်းငယ်များ ထူထောင်မည့်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပဲခူး စက်တင်ဘာ ၂၀           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေ တိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာပေးသင်တန်းဖွင့်လှစ်ခဲ့မှုများမှ လုပ်ငန်းထူထောင်လုပ်ကိုင်မည့် သင်တန်းသူများအား လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထူးအလေးထား ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ဒေသထွက်ကုန်အရောင်းစင်တာများ ဖွင့်လှစ် ပေးထားပြီး ထုတ်လုပ်သူများအနေဖြင့် အလွယ်တကူတင်ပို့ရောင်းချနိုင်သလို စားသုံးသူများအနေဖြင့်လည်း …

Read More »