Daily Archives: September 21, 2024

တောင်ငူခရိုင် ရေဘေးသင့်ပြည်သူများအတွက်စေတနာရှင် ပြည်သူများက အလှူငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

တောင်ငူ စက်တင်ဘာ ၂၁          တောင်ငူမြို့၊ ခပေါင်းခန်းမ၌ စက်တင်ဘာလ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင် ရေဘေးသင့်ပြည်သူများအတွက်စေတနာရှင် ပြည်သူများက အလှူငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ် သည်။          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရာဂီမုန်တိုင်းကြောင့် စစ်တောင်းမြစ်ရေ မြင့်တက်ခဲ့ပြီး တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့မှုအပေါ်  စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် တက်ကြွစွာပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားခဲ့သည်။           ထို့နောက် တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြှုပ်မှုများအတွက် စေတနာရှင်ပြည်သူများစုပေါင်း၍ ငွေကျပ်(၅၈၂၅၁၀၀၀၀)အား  ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တောင်ငူလေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်းနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အသီးသီးလက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့သည် …

Read More »