Daily Archives: September 22, 2024

တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှု အမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးသင့်ပြည်သူများအား သွားရောက်ကူညီထောက်ပံ့

တောင်ငူ စက်တင်ဘာ ၂၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှု အမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးသင့်ပြည်သူများအား သွားရောက်ကူညီထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်တို့သည် တောင်ငူမြို့၊ သာသနဟိတကာရီ ဗိမာန်တော်၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ မိုးစပါးများ ရေကြီးနစ်မြှုပ်ခဲ့၍ ထိခိုက်ပျက်စီးဧကများ ဖြစ်လာနိုင်ကြောင်း၊  မိုးစပါးထိခိုက်ဧကများအတွက် မျိုးတူ၊ သက်တမ်းတူရှာဖွေ၍ ပြန်လည်ဖာထေးစိုက်ပျိုးသွားရန်နှင့် ပျက်စီးဧကများတွင် မတ်ပဲနှင့် ပဲအမျိုးမျိုး စိုက်ပျိုးသွားရန်၊ ရေကြီး နစ်မြှုပ်မှုကြောင့် မိုးစပါးစိုက်ဧက ထိခိုက်သွားသော်လည်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး ချောင်းပိတ်မြောင်း ပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ကွင်းဆင်းတင်ပြရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တောင်ငူခရိုင်ရေဘေးကွပ်ကဲမှုရုံးသို့ အလှူရှင်များ လာရောက်ဒါန်းထားသည့် ဆန်၊ ဆီနှင့် အခြားစားသောက် ဖွယ်ရာများ …

Read More »