ပဲခူး စက်တင်ဘာ ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို စက်တင်ဘာလ (၂၃)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရစ်ကတ်အားကစားနည်းသည် အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့်မှာ ပြိုင်ပွဲများကျင်းပ ယှဉ်ပြိုင်ကစားနေသည့် အားကစားဖြစ်ကာ ဒေသတွင်းနိုင်ငံများအနေဖြင့် အနိုင်ရရှိနိုင်ရေး ကြိုးပမ်းလေ့ကျင့် နေသည့် အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ့ခရစ်ကတ် အားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မား ရေးကို အထောက်အကူပြုစေရေးအတွက် ခရိုင်အလိုက် ခရစ်ကတ်အားကစားသမားများ ပေါ်ထွက်လာရေး ကိုရည်ရွယ်၍ မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး အဖွဲ့ချုပ်နည်းပြဆရာများဖြင့် ခရိုင်မြို့များတွင် ခရစ်ကတ်သင်တန်းများကို တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဒီသင်တန်းများက အရည်အချင်းပြည့်ဝ တဲ့သူများကို ရွေးချယ်ပြီး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website