ပဲခူး စက်တင်ဘာ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် သီးနှံများ ထိခိုက်ပျက်စီးခဲ့သည့် ဧရိယာများတွင် ပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ပထမအကြိမ် ရေကြီးခဲ့စဉ်က မိုးသီးနှံများ ထိခိုက်ပျက်စီးခဲ့သော်လည်း အချိန်မီပြန်လည်ဖာထေးခြင်း၊ သားတက်ပွား စိုက်ပျိုးခြင်းများ ရာနှုန်းပြည့်ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စက်တင်ဘာလအတွင်း ဒုတိယအကြိမ်ရေကြီး ရေလျှံမှုသည့် အချိန်ကာလကြာမြင့်ခြင်းကြောင့် မိုးသီးနှံထိခိုက်ပျက်စီးမှုများ များပြားလာနိုင်သဖြင့် သီးနှံ စိုက်ပျိုးထုတ်လုပ်မှု မထိခိုက်စေရေးအတွက် ဆောင်းသီးနှံနှင့် နွေစပါးကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်၍ အောင်ရေပေးသည့် တမံများတွင် ရေဝင်ရောက်မှုအား ပိုမိုသိုလှောင်သိမ်းဆည်းရန် လိုအပ်မှာဖြစ်ကြောင်း၊ တိုးချဲ့စိုက်ပျိုးမည့် သီးနှံများအလိုက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ဒေသတွင်းရရှိနိုင်ရေး စုဆောင်းထားရမှာဖြစ်ကြောင်း၊ ရေဝင်ရောက်ခဲ့သည့် လယ်မြေများတွင် …
Read More »Daily Archives: September 25, 2024
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၂၄)ရက်နေ့၊ ညနေ ပိုင်းက ပဲခူးမြို့အတွင်းရှိ ဟံသာဝတီရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သိန္နီတံခါးပေါက်အနီးရှိ ဟံသာဝတီမြို့ရိုး ၊ တံခါးပေါက် ပြန်လည်ဖော်ထုတ်ထားရှိမှုနှင့် မြေယာအလှရှုခင်း၊ ကျုံးပတ်လမ်း ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူများ အပန်းဖြေရင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် တွေ့မြင်ခံစားသိရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်၍ ပျက်စီးမှုများအား ချက်ခြင်းပြန်လည်ပြင်ဆင် ရန်၊ လိုအပ်သည့်နေရာတွင် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ရန်၊ ကျုံးပတ်လမ်းတစ်လျှောက် လမ်းမီးတိုင် မီးလင်းစေရေးနှင့် ဟံသာဝတီရှေးဟောင်းကျုံးအတွင်းသို့ ရေစီးရေလာကောင်းမွန်စေရေး မြေပြင်အနိမ့်အမြင့် ပြန်လည်ချိန်ညှိ ဆောင်ရွက်သွားရန်၊ ကျုံးပတ်လမ်းဘေးရှိ အလှထိုင်ခုံများနှင့် ကျုံးရေပြင်သံပန်းအကာများ ဆေးပြန်လည်သုတ်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၌ …
Read More »