Daily Archives: September 28, 2024

တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင် ရွက်ပေး

တောင်ငူ စက်တင်ဘာ ၂၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်တို့သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူ မြို့နယ်အတွင်း ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်တို့သည် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၌ ရေကြီးနစ်မြှုပ်ခဲ့၍ ပျက်စီးခဲ့သည့် မိုးစပါးဧကများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တောင်သူများထိခိုက်ပျက်စီးခဲ့မှု မိုးစပါးဧကများအတွက် ဆောင်းသီးနှံ မတ်ပဲများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နွေစပါးစိုက်ပျိးနိုင်ရေးအတွက် စိုက်ပျိုးရေရှိရေး ချောင်းပိတ်/မြောင်းပိတ် လုပ်ငန်းများအပြင် အဝီစိတွင်းတူးဖော်ခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ်၍ မြေပြင်ကွင်းဆင်းဆောင် ရွက်သွားရန်နှင့် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် …

Read More »

တောင်ငူခရိုင်အတွင်း   ရေကြီးရေလျှံမှုခံခဲ့ရသည့် မြို့နယ်များမှ ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေး

တောင်ငူ စက်တင်ဘာ ၂၇             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၂၇)ရက်နေ့၊ တောင်ငူမြို့၊ သာသနာ့ဟိတကာရီဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် ခရိုင်ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှု ရုံးသို့ ရောက်ရှိခဲ့ပြီး တောင်ငူခရိုင်အတွင်း   ရေကြီးရေလျှံမှုခံခဲ့ရသည့် မြို့နယ်များမှ ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ်သည် ခန့်မှန်းရမလွယ်ကူသော်လည်း ကြိုတင်ကာကွယ်ပြင်ဆင်ခြင်းနှင့် စုပေါင်းညီညာစွာ ဆောင်ရွက်ခြင်းဖြင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြင့် ယခုအခါ အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် မိမိဒေသ၏ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိသူများဖြစ်၍ အစိုးရ၏ပံ့ပိုးကူညီမှုများအား မိမိတို့ဒေသ၏ စည်းရုံးရေးစွမ်းအားဖြင့် ပေါင်းစပ်၍ ပြန်လည်ထူထောင်ရေးအပိုင်းတွင်လည်း ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ရေကြီးရေလျှံမှုကြောင့် နေအိမ်အဆောက်အဦ ထိခိုက်ပျက်စီးမှုများအား စနစ်တကျကွင်းဆင်းစိစစ်မှတ်တမ်းတင်ရန် လိုအပ်မှာဖြစ်ကြောင်း၊ ကျောင်းမတတ်နိုင်သည့် ကျောင်းနေရွယ်ကလေးများအား  ကျောင်းပြင်ပပညာရေးစနစ်ဖြင့် စုစည်းသင်ကြားနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန်၊ မိုးသီးနှံထိခိုက်သည့် ဧကများတွက် …

Read More »

တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှုပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

တောင်ငူ စက်တင်ဘာ ၂၆                ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်တို့သည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၂၆)ရက် မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ပြန်လညထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည် သိုက်တို့သည် ရေကြီးနစ်မြှုပ်ခဲ့ တောင်ငူမြို့နယ်၊ နှစ်ဆောင်မြိုင်ကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့  အစီအစဉ်ဖြင့် သောက်သုံးရေတွင်းရေကန်များ ပြန်လည်သန့်စင်ရေမှုတ်ခြင်း၊ ကရိုရင်းဆေးခတ်ခြင်းစသည်တို့အား ကွင်းဆင်း ကြည့််ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော သန့်ရှင်းသော သောက်သုံးရေ အမြန်ဆုံးရရှိနိုင်ရေးနှင့် ရေနစ်မြှုပ်ခဲ့သည့် ရပ်ကွက်/ ကျေးရွာများအား တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ရေး ရေမှုတ်စက်လိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။             ထို့နောက် တိုင်းဒေသကြီး …

Read More »