တောင်ငူ စက်တင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှု အမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးသင့်ပြည်သူများအား သွားရောက်ကူညီထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်တို့သည် တောင်ငူမြို့၊ သာသနဟိတကာရီ ဗိမာန်တော်၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ မိုးစပါးများ ရေကြီးနစ်မြှုပ်ခဲ့၍ ထိခိုက်ပျက်စီးဧကများ ဖြစ်လာနိုင်ကြောင်း၊ မိုးစပါးထိခိုက်ဧကများအတွက် မျိုးတူ၊ သက်တမ်းတူရှာဖွေ၍ ပြန်လည်ဖာထေးစိုက်ပျိုးသွားရန်နှင့် ပျက်စီးဧကများတွင် မတ်ပဲနှင့် ပဲအမျိုးမျိုး စိုက်ပျိုးသွားရန်၊ ရေကြီး နစ်မြှုပ်မှုကြောင့် မိုးစပါးစိုက်ဧက ထိခိုက်သွားသော်လည်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး ချောင်းပိတ်မြောင်း ပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ကွင်းဆင်းတင်ပြရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တောင်ငူခရိုင်ရေဘေးကွပ်ကဲမှုရုံးသို့ အလှူရှင်များ လာရောက်ဒါန်းထားသည့် ဆန်၊ ဆီနှင့် အခြားစားသောက် ဖွယ်ရာများ …
Read More »Monthly Archives: September 2024
တောင်ငူခရိုင် ရေဘေးသင့်ပြည်သူများအတွက်စေတနာရှင် ပြည်သူများက အလှူငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်
တောင်ငူ စက်တင်ဘာ ၂၁ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ စက်တင်ဘာလ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင် ရေဘေးသင့်ပြည်သူများအတွက်စေတနာရှင် ပြည်သူများက အလှူငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရာဂီမုန်တိုင်းကြောင့် စစ်တောင်းမြစ်ရေ မြင့်တက်ခဲ့ပြီး တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့မှုအပေါ် စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် တက်ကြွစွာပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြှုပ်မှုများအတွက် စေတနာရှင်ပြည်သူများစုပေါင်း၍ ငွေကျပ်(၅၈၂၅၁၀၀၀၀)အား ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တောင်ငူလေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်းနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အသီးသီးလက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့သည် …
Read More »အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် MSMEs လုပ်ငန်းငယ်များ ထူထောင်မည့်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
ပဲခူး စက်တင်ဘာ ၂၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေ တိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာပေးသင်တန်းဖွင့်လှစ်ခဲ့မှုများမှ လုပ်ငန်းထူထောင်လုပ်ကိုင်မည့် သင်တန်းသူများအား လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထူးအလေးထား ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ဒေသထွက်ကုန်အရောင်းစင်တာများ ဖွင့်လှစ် ပေးထားပြီး ထုတ်လုပ်သူများအနေဖြင့် အလွယ်တကူတင်ပို့ရောင်းချနိုင်သလို စားသုံးသူများအနေဖြင့်လည်း …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တိုင်းမှူးတို့ တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့
တောင်ငူ စက်တင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့်အတူ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းကရေကြီးရေလျှံမှုများအား သွားရောက် ကူညီ ထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ သာသနာ့ဟိတကာရီ ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင်သဘာဝဘေးကွပ်ကဲမှုရုံးသို့ ရောက်ရှိခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင် သောင်းထိုက်က တောင်ငူခရိုင်အတွင်း ရေဝင်ရောက်မှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း များအလိုက် တာဝန်ပေးအပ်ထားသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများက ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း များ၏ အခြေအနေများအား သေးစိတ်ရှင်းလင်တင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာယီရေဘေးရှောင်စခန်းများအလိုက် စားသောက်နေထိုင် ရေး အဆင်ပြေရန်၊ ကူညီကယ်ဆယ်ရေးအတွက် လိုအပ်သည့် စက်တပ်ရေယာဉ်များ၊ စစ်တောင်းမြစ်ရေ ဝင်ရောက်နိုင်သည့် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းမှူးတို့ တောင်ငူမြို့နှင့် ရေတာရှည်မြို့များရှိ ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့
တောင်ငူ စက်တင်ဘာ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့်အတူ စက်တင်ဘာလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့နှင့် ရေတာရှည်မြို့ များရှိ ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ သာသနာ့ဟိတကာရီ ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင်သဘာဝဘေးကွပ်ကဲမှုရုံးသို့ ရောက်ရှိခဲ့ပြီး ခရိုင်သဘာဝ ဘေးကော်မတီဝင်များနှင့်တွေ့ဆုံ၍ ရေဘေးကယ်ဆယ်ရေးစခန်းအလိုက် ခရိုင်အဆင့်ဌာနဆိုင်ရာ ဦးဆောင်သောအဖွဲ့ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစီစဉ်ဆောင်ရွက်ပေးရန်၊ ရေသန့်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်လှေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် စေတနာရှင် အလှူရှင် များ၏ တန်ဖိုးငွေကျပ်(၄၆၂၀၀၀၀၀) တန်ဖိုးရှိ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် …
Read More »ပဲခူးတက္ကသိုလ်၌ အခြေခံပညာ / အဆင့်မြင့်ပညာ ကျောင်းသားများနှင့် လူငယ်များအတွက် ဥပဒေ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၁ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံပညာ / အဆင့်မြင့်ပညာ ကျောင်းသားများနှင့် လူငယ်များအတွက် ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ် များဖြစ်စေရေး လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးကို အလေးထားပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဥပဒေ၏ အခြေခံသည် စည်းကမ်းဖြစ်ပြီး အခြေခံဥပဒေဆိုင်ရာ အသိအမြင်ရရှိစေရေး ပညာပေးမှုနှင့် ထိန်းကျောင်းမှုများကို ဆောင်ရွက်ရန်လိုအပ်မှာဖြစ်ကြောင်း၊ ဥပဒေပညာရပ်များကို သင်ကြားတတ်မြောက်ပြီးတဲ့အခါမှာလည်း လိုက်နာရမည့် အချက်တွေ ရှောင်ရှားရမည့်အချက်တွေကို သိရှိပြီး စည်ကမ်းရှိစွာနေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးသွားရမှာဖြစ်ပြီး ပညာတွေတော်ပြီး ကိုယ်ကျင့်တရားမကောင်းပါက …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲကျင်းပပြုလုပ်
တောင်ငူ စက်တင်ဘာ ၁၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ် သင်တန်းဖွင့်ပွဲအား တောင်ငူမြို့၊ ကေတုရတနာခန်းမ၌ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေး လိုအပ်သည်များ ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း အသားနှင့်နို့ ထုတ်လုပ်မှု ဖူလုံစေရေး၊ စားသုံးမှုဖူလုံစေရေးနှင့် ပြည်ပမှ နို့နှင့်နို့ထွက်ပစ္စည်း တင်သွင်းမှုလျော့ချနိုင်စေရေးအတွက် မေထုန်မဲ့သားစပ်ခြင်း သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး ကျေးလက်ဒေသပါမကျန် မေထုန်မဲ့သားစပ် ခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခုသင်တန်းသည် ကိုယ်တိုင် မွေးမြူသူလုပ်ငန်းရှင်များအား လက်တွေ့မေထုန်မဲ့သားစပ်ခြင်းနှင့် တိရစ္ဆာန်မွေးမြူခြင်းဆိုင်ရာ အသိပညာ များ သင်ကြားပေးသွားမည်ဖြစ်၍ စိတ်ပါဝင်စားစွာ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်
တောင်ငူ စက်တင်ဘာ ၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနိုင်ရေး ကွင်းဆင်း ကြည့်ရှုဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ တောင်ငူမြို့ခရီးစဉ်အတွင်း လမ်းညွှန် မှာကြားချက်များနှင့်ပတ်သက်၍ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးနှင့် တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူး တို့မှ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ကေတုမတီရှေးဟောင်း ကျုံး၊ ယိုးဒယားပေါက်သို့ ရောက်ရှိခဲ့ပြီး ကျုံးပတ်လမ်း သန့်ရှင်းသာယာလှပမှုရှိစေရေး၊ လမ်းမီးများ ပြန်လည်ကောင်းမွန်စေရေး ပြင်ဆင်ရန်နှင့် မြေယာရှုခင်းအလှများ ပြန်လည်ဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် …
Read More »ပဲခူးမြို့၌ ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “အနာဂတ်မျှော်တွေး စဉ်ဆက်ပညာရေး”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် UNESCO ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြား တင်ပြခဲ့ပြီး နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Video Clip အား ပြသခဲ့ကာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသား/သူများက “မတတ်သူ တို့ဝိုင်းကူ”သီချင်းဖြင့် သီဆို …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ဟံသာဝတီဖလား အသက်(၂၁)နှစ်အောက် အလွတ်တန်း အမျိုးသားဖိတ်ခေါ်ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
ပဲခူး စက်တင်ဘာ ၆ တိုင်းဒေသကြီးအတွင်း မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အစဉ် အလာ ကြီးမားခဲ့သည့် ပဲခူးတိုင်း၏ဘောလုံးအားကစားဂုဏ်ကို ပြန်လည်ဖော်ထုတ်နိုင်စေရေး အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ ဟံသာဝတီဖလား အသက်(၂၁) နှစ်အောက် အလွတ်တန်း အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၆)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဘောလုံးဝါသနာရှင် ပြည်သူများ လာရောက်ကြည့်ရှု့အားပေးကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက (၃:၂)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရာပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိသည့် …
Read More »