ရွှေတောင် နိုဝင်ဘာ ၁၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း သီးထပ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ ကျွန်းတန်းကုန်း ကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း ဧက(၉၀) ဆောင်းမြေပဲအထူးဇုန်သို့ သွားရောက်ခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင် ရေးနှင့် သီးထပ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး အကျယ်တဝံ့ရှင်းလင်းပြောကြား ခဲ့သည်။ ၎င်းနောက် မြေပဲစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပဲစိုက်ခင်းများတွင် ပဲဇဉ်းငုံ သီးညှပ်ထည့်သွင်း စိုက်ပျိုးရန်၊ တစ်နှစ်(၂)သီးသာ စိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများအား နွေရာသီတွင် မြေလှပ်ထားမှုမရှိစေရေး စိုက်ပျိုးရေရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး …
Read More »Daily Archives: November 10, 2024
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၌ ဖူဆယ်အားကစားရုံ တက်ရောက်ဖွင့်လှစ်ပေးခဲ့
ပြည် နိုဝင်ဘာ ၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက ပြည်မြို့၌ ဖူဆယ်အားကစားရုံ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်း ဆက်သွယ်ရေးရာဝန်ကြီး ဦးတင်ဆွေ၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးသိန်းအောင်တို့က ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ မူယာပင်နယ်မြေ လေထပ်ပြင်ဖူဆယ်အားကစားကွင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေးထပ်ပြင်ဖူဆယ် အားကစားရုံ၏ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖူဆယ်အားကစားရုံ၌ ဖူဆယ်အားကစားအတွက် ဘောလုံးများပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖူဆယ်ဘောလုံးပြိုင်ပွဲအား စပေး ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့နယ်ရဲတပ်ဖွဲ့အသင်းနှင့် ပြည်မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူး ရေးလုပ်ငန်းအသင်းတို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကာ ပွဲကြည့်စင်များ …
Read More »ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၃ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက် လောင်းလှူပူဇော်
ပြည် နိုဝင်ဘာ ၈ ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၃ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း ဖွင့်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက အဆိုပါစေတီရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် စေတနာရှင် ပြည်သူများက ကြွရောက်လာသည့် ဆရာတော်(၁၀၈)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရှိရသည်။ ဆက်လက်၍ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပြည် နိုဝင်ဘာ ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့် အတူ နိုဝင်ဘာ(၇)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာအုပ်စု၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်မြို့နယ်အတွင်း မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံ(ရာကာ-၆၆၆)မျိုးအား အစက်ချရေပေးသွင်းနည်းစနစ် (Drip Irrigation)ဖြင့် ရေပေးဝေဆောင်ရွက် ထားသောစံပြစိုက်ခင်း(၁၅)ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဝါသီးနှံသည် ရေပေးသွင်းနိုင်ပါက နောက်တစ်ကြိမ် ပြန်လည်ခူးဆွတ် နိုင်ပြီး ယခုလို စံပြစိုက်ခင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကာ ဒေသခံတောင်သူများကလည်း မိမိတို့၏ ဝင်ငွေများ တိုးတက်လာစေရေးနှင့် စိုက်ပျိုးရေစနစ်တကျသုံးစွဲနိုင်ရေး အစက်ချရေပေးသွင်းနည်းစနစ် (Drip Irrigation) အား လိုက်ပါဆောင်ရွက်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။ …
Read More »