Home / 2024 / November / 20

Daily Archives: November 20, 2024

ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၁)သင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေး

ပဲခူး နိုဝင်ဘာ ၂၀           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက အခြေခံပညာ Grade-11 နှင့်  Grade-12 ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မျိုးဆက်သစ်လူငယ်များသည် နောင် တစ်ချိန်တွင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာကြီး(၃)ရပ်ကို ပုခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်၍ အခြေခံပညာအဆင့်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားလူငယ်တိုင်း ဥပဒေကိုသိရှိဖို့၊ ဥပဒေနှင့်အကျွမ်းတဝင်ဖြစ်ရန် လိုအပ်မှာဖြစ်ကြောင်း၊ ယခု သင်တန်းသည် Grade-11 နှင့် Grade-12 တွင် ပညာသင်ကြားနေသော ကျောင်းသား/သူများကို ဥပဒေ ပညာသင်ကြားပေးမည့် ဆရာ/ဆရာမများကို ဆရာဖြစ်သင်တန်း သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး ဆရာ/ ဆရာမများအနေဖြင့် မိမိတို့၏ ကျောင်းသား/သူများကို သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းနှင့်အညီ ပြန်လည်သင်ကြားပေးသွားရမှာဖြစ်သည့်အတွက် မိမိတို့ကိုယ်တိုင် …

Read More »

သာယာဝတီခရိုင်အတွင်း ထူးချွန်တောင်သူများ၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

သာယာဝတီ နိုဝင်ဘာ ၂၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ သာယာဝတီခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပန်းတိုင် အထွက်နှုန်းကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ထူးချွန်တောင်သူများ၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်ပြီး စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးတက်မြင့်မားအောင် အဓိက ဆောင်ရွက်သွားရမှာဖြစ်သလို ဂုဏ်ပြုချီးမြှင့်ထိုက်သူကိုလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သွားရမှာ၍ ယခုလို ခရိုင်အလိုက် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ဂုဏ်ပြုချီးမြှင့်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေးအတွက် ပန်းတိုင်အထွက် နှုန်း ကျော်လွန်ထွက်ရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များကို ရှာဖွေဖြန့်ဖြူးပေးခဲ့သလို စိုက်ပျိုးရေ ရရှိရေးကို နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးမြေများ မြေဆီလွှာအာဟာရ …

Read More »