ပဲခူး နိုဝင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက် ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ အောက်တဲစုကွင်းသို့ ရောက်ရှိခဲ့ပြီး နွေစပါး(၂)သီး တစ်ကွင်းတစ်ဆက်တည်း ဧက(၄၀၀)စံပြစိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး နွေစပါး အား တိုင်းဒေသကြီးအစိုးရဖွဲ့မှ ထောက်ပံ့ထားသည့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအား ပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ကြိုတင်ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးမှသာ သီးထပ်စွမ်းအား ပိုမိုတိုးတက်လာပြီး ဝင်ငွေတိုးတက်လာမှာဖြစ်ကာ စိုက်ပျိုးကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း အဓိကအချက်ကြီး(၄)ချက်အား လိုက်နာပြီး ခေတ်မီစိုက်ပျိုး နည်းစနစ်များဖြင့် ဆောင်ရွက်မှသာ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်မှာဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး သွင်းအားစုအား …
Read More »