တောင်ငူ နိုဝင်ဘာ ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ နိုဝင်ဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု ကျွဲဘူးကျေးရွာ၌ ရာဂီမုန်တိုင်းကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် မွေးမြူရေးလုပ်ငန်းရှင် ဒေါ်ခင်နှင်းဦးအား ဥစားကြက်နှင့် ဒေသကြက်ကောင်ရေ (၁၂၀၀၀)အား ပြန်လည်အစားထိုးပေးအပ်ခဲ့ပြီး ကြက်ခြံများအတွင်း လှည့်ကြည့်ရှုအားပေးခဲ့ကာ ဘဲမွေးမြူရေးလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်သွားရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်ဆောင်မြိုင်-ရွာတန်းရှည်လမ်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် သန်း(၁၉၀)ဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် Kanbawza Pathfinder Industries …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website