ပဲခူး အောက်တိုဘာ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၃) ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်သီးနှံ(၁၃)မျိုး ပန်းတိုင်ရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့်အချက်(၄)ချက် ဟန်ချက်ညီညီကောင်းမွန်ပြည့်စုံရန် ဖြည့်ဆည်းပေးသွားရမှာဖြစ်ကြောင်း၊ မိရိုးဖလာ စိုက်နည်းစနစ်များ၊ မျိုးစေ့အဟောင်းများကို အချိန်မီပြောင်းလဲနိုင်ရေးကိုလည်း ဆောင်ရွက်ပေး သွားရမှာ ဖြစ်ကြောင်း၊ ဆီထွက်သီးနှံဖြစ်သည့် နေကြာနှင့် နှမ်းကို သတ်မှတ်ဧကပြည့်မီစေရေးနှင့် ပန်းတိုင် အထွက်နှုန်း ရရှိရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်သလို သီးညှပ်စိုက်ဧကလျော့ချပြီး သီးထပ်ဧကတိုးတက် စေရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နှစ်ရှည်သီးနှံစိုက်ဧကများတွင် ရိုဘက်စတာကော်ဖီနှင့် …
Read More »Monthly Archives: October 2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မဟာတန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မဟာတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီက ကျင်းပပြီးစီးခဲ့သည့် သီတင်းကျွတ်မီးထွန်းပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ရာတွင် ပဲခူးမြို့သူ/သားများက မိမိတို့နေထိုင်ရာ ပဲခူးမြို့၏ ပုံရိပ်ထူးခြား ကောင်းမွန်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်ကို မြင်တွေ့ရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရာသီအလိုက်ပွဲတော်များကို အစဉ်အလာမပြတ် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ပေးလျက်ရှိပြီး မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိမြို့ဖတို့ပူးပေါင်း၍ စတုဒီသာ ကျွေးမွေးခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များအပြင် မီးပုံးပျံလွှတ်ပွဲ၊ စင်တင်တေးဂီတဖြင့်ဖျော်ဖြေခြင်း၊ ထည့်သွင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၃/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၂၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ်(၃/၂၀၂၅-၂၀၂၆) သင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စက်မှုလယ်ယာကဏ္ဍသို့ ကူးပြောင်းရေး နည်းလမ်းပေါင်းစုံဖြင့် ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ လယ်ယာကဏ္ဍတွင် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ တိုးတက်သုံးစွဲလာသည်နှင့် အမျှ လယ်ယာသုံးစက်ကိရိယာဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို စာတွေ့ လက်တွေ့ပို့ချသင်ကြား ပေးခြင်းဖြင့် တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်သုံးစွဲလာ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး အောက်တိုဘာ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက် ၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအပေါ် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူ နေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုနှင့် ရေသန့်၊ ကော်ဖီနှင့် အာဟာရမုန့်များ အခမဲ့တိုက်ကျွေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် …
Read More »ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၁၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အချို့သော သဘာဝဘေးအန္တရာယ်များကို တားဆီး၍မရသော်လည်း ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ဆုံးရှုံးမှုနှင့် အကျိုးဆက်များကို လျော့ပါးသက်သာအောင် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းတို့ဖြင့် လုပ်ဆောင်၍ရကြောင်း၊ ဘေးအန္တရာယ်ကြိုတင် ပြင်ဆင်ခြင်း၊ ကာကွယ်ခြင်းလုပ်ငန်းများပတ်သက်၍ ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲသွားရမှာဖြစ်ကြောင်း၊ အထူး သဖြင့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် မကြံစဖူး ထူးကဲသည့် ပဲခူးမြစ်ရေကြီးမှုဖြစ်ပေါ်ခဲ့မှုအပေါ် ယခုနှစ် တွင် ပဲခူးမြစ်ရေကြီးမှုလျော့ပါးသက်သာစေရန်အတွက် ဘဏ္ဍာငွေများကို တိုးမြှင့်သုံးစွဲပြီး ပဲခူးမြစ် ရေဘေး …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၁ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အနာဂတ်မျိုးဆက်သစ်လူငယ် များကို ပြုစုပျိုးထောင်ပေးသည့် ဆရာ/ဆရာမများအနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် အလွန် အရေးကြီးပြီး သင်ကြားမှုအရည်အသွေး အစဉ်မြင့်မားစေရန် လိုအပ်မှာဖြစ်ကြောင်း၊ တက္ကသိုလ်များမှ စာစစ် အတွေ့အကြုံရှိသည့် ဆရာ/ဆရာများမှ စာမေးပွဲနှင့်ပတ်သက်သည့် မေးခွန်းပုံစံ၊ အမှတ်ပေးစည်းမျဉ်းများ နှင့်အညီ အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုပုံ ဖြေဆိုနည်းများကို ရှင်းလင်းဆွေးနွေး သင်ကြားပေးသွားမှာဖြစ်၍ မိမိတို့ တက်မြောက်ထားသည့် သင်ကြားမှုနည်းပညာများဖြင့် တိုင်းပြည်၏ဂုဏ်ကိုဆောင်နိုင်တဲ့ လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် မွေးထုတ်ပေးကြစေလိုကြောင်း ဩဝါဒအမှာစကား ပြောကြားခဲ့သည်။ အဆိုပါ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၉ ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက ပြည်ပပို့ကုန် သီးနှံ ထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍတစ်ခုဖြစ် ကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်တွင်းစားသုံးသူများ အစားအစာဘေးကင်းလုံခြုံမှုရှိရေးသည် အရေးကြီးကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်သလို တစ်ဘက်မှာလည်း စာသုံးသူများအတွက် အန္တရာယ်ဖြစ်စေ နိုင်သည့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ဒွန်တွဲတွေ့ရှိလာရသည့်အတွက် ပိုးသတ်ဆေး ဓာတ်ကြွင်း လျော့ကျကင်းစင်စေရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီးသည် သီးနှံမျိုးစုံစိုက်ပြီး စပါးနှင့်ပဲသည် ဒုတိယအများ ဆုံးစိုက်ပျိုးကာ ပြည်ပသို့အများဆုံး တင်ပို့နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၈ ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၏ ဦးတည်ချက်(၄)ရပ်အနက် နောက်ဆုံးအချက်ဖြစ်သည့် “ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ် လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက် လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး”ဟု ပါရှိသဖြင့် အစိုးရ အဖွဲ့အနေဖြင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် မဲရုံလျာထားသတ်မှတ်ချက် များအတိုင်း လုံခြုံရေးစီမံချက်များ စနစ်တကျရေးဆွဲထားရန်နှင့် မဲစာရင်းများအား ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အများပြည်သူသိရှိစေရေး …
Read More »ပဲခူးမြို့၌ ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard)စိုက်ထူခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၇ ပဲခူးမြို့၊ တောင်ငူလမ်းနှင့်ဆေးရုံလမ်းထောင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့၌ အောက်တိုဘာလ (၇)ရက်နေ့၊ နံနက်ပိုင်းက ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard) စိုက်ထူခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard) စိုက်ထူခြင်း ဖွင့်ပွဲအခမ်းအနားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို၊ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်ဝင်းနှင့် ရပ်မိရပ်ဖ ဦးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard)အား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင် တို့က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ဖျော်ဖြေပေးခဲ့သည့် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဆက်ကပ်လှူဒါန်းပူဇော်
ပဲခူး အောက်တိုဘာ ၇ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ယမနေ့ ညပိုင်း၊ သီတင်းကျွတ်လ ပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆီမီး (၁၀၀၀၀) ဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ရွှေမော်ဓောဘုရားရင်ပြင်တော်ပေါ်၌ ပြည်သူများနှင့်အတူ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဗုဒ္ဓဂုဏ်တော်များကို ရည်မှန်း၍ နမောတဿသုံးကြိမ်ရွတ်ဆို ကန်တော့ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် စေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)အား စတင်မီးထွန်း ညှိပူဇော်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ၎င်းတို့၏ …
Read More »