ပဲခူး အောက်တိုဘာ ၂ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားရင်ပြင်တော်ပေါ်၌ အောက်တိုဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး ပထမအကြိမ် အလှူတော်ငွေပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြ သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော စေတနာရှင်အလှူရှင်များက ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမစာပဏ္ဍိတ ဘဒ္ဒန္တ ဉေယျာဓမ္မာဘိဝံသ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော်၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် နှင့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက လှရတနာဆရာတော် တို့ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ …
Read More »Daily Archives: October 2, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ(၂.၈၁၇)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ်(၄၅၀၀)သန်း တိုးတက်ဝင်ရောက်ခဲ့
ပဲခူး အောက်တိုဘာ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်တွင်း/ပြည်ပ အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းအမျိုးအစား (၇)ခုရှိပြီး စက်မှုကဏ္ဍတိုးတက်မှုနှင့်အတူ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍများလည်း ရင်းနှီးမြှုပ်နှံမှုတိုးတက်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံပြီး ပြည်ပသို့ ကုန်ချောပစ္စည်း တင်ပို့နိုင်ရန်အတွက် ဒေသတွင်းကုန်ကြမ်းပစ္စည်းများ၏ ထုတ်လုပ်မှုအရည်အသွေးကို ခေတ်နှင့်အညီ ဘက်စုံမြှင့်တင်ပေးသွားရမှာဖြစ်ကြောင်း၊ လယ်ယာကဏ္ဍအတွက် ဓါတ်မြေဩဇာ သွင်းအားစုထုတ်လုပ်သည့် ကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားရမှာဖြစ်သလို ကုန်ထုတ်လုပ်မှု စဉ်ဆက်မပြတ် တိုးတက်စေရေး စက်ရုံများအလိုက် တစ်ပိုင်တစ်နိုင် ဆိုလာတပ်ဆင်သုံးစွဲနိုင်ရေး ဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အန္တရာယ်ရှိနိုင်သည့် စွန့်ပစ်ပစ္စည်းများအား …
Read More »