Home / 2025 / October / 04

Daily Archives: October 4, 2025

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား မျိုးဆက်သစ် ရွက်ပုန်းသီး အနုပညာရှင်များကို ဖော်ထုတ်မြှင့်တင်ပေးနိုင်ရန် အလေးအနက်ထားဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး အောက်တိုဘာ ၄           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် အဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များက “ရွှေဆုတွေဝိုင်း ရွှေပဲခူးတိုင်း” သီချင်းဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပေးခြင်းသည် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသော အနုသုခုမ ပညာရှင်ကြီးများ၏ ထိန်းကျောင်းတည့်မတ်ပေးမှုဖြင့် မျိုးဆက်သစ် ရွက်ပုန်းသီး အနုပညာရှင်များကို ဖော်ထုတ်မြှင့်တင်ပေး နိုင်ရန် အလေးအနက်ထား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယနေ့ပေးအပ်မည့် …

Read More »