Home / 2025 / October / 11

Daily Archives: October 11, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၁       ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ပေးခဲ့သည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အနာဂတ်မျိုးဆက်သစ်လူငယ် များကို ပြုစုပျိုးထောင်ပေးသည့် ဆရာ/ဆရာမများအနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် အလွန် အရေးကြီးပြီး သင်ကြားမှုအရည်အသွေး အစဉ်မြင့်မားစေရန် လိုအပ်မှာဖြစ်ကြောင်း၊ တက္ကသိုလ်များမှ စာစစ် အတွေ့အကြုံရှိသည့် ဆရာ/ဆရာများမှ စာမေးပွဲနှင့်ပတ်သက်သည့် မေးခွန်းပုံစံ၊ အမှတ်ပေးစည်းမျဉ်းများ နှင့်အညီ အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုပုံ ဖြေဆိုနည်းများကို ရှင်းလင်းဆွေးနွေး သင်ကြားပေးသွားမှာဖြစ်၍ မိမိတို့ တက်မြောက်ထားသည့် သင်ကြားမှုနည်းပညာများဖြင့် တိုင်းပြည်၏ဂုဏ်ကိုဆောင်နိုင်တဲ့ လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် မွေးထုတ်ပေးကြစေလိုကြောင်း ဩဝါဒအမှာစကား ပြောကြားခဲ့သည်။         အဆိုပါ …

Read More »