Home / 2025 / October / 22

Daily Archives: October 22, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မဟာတန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ မဟာတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီက ကျင်းပပြီးစီးခဲ့သည့် သီတင်းကျွတ်မီးထွန်းပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ရာတွင် ပဲခူးမြို့သူ/သားများက မိမိတို့နေထိုင်ရာ ပဲခူးမြို့၏ ပုံရိပ်ထူးခြား ကောင်းမွန်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်ကို မြင်တွေ့ရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရာသီအလိုက်ပွဲတော်များကို အစဉ်အလာမပြတ် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ပေးလျက်ရှိပြီး မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိမြို့ဖတို့ပူးပေါင်း၍ စတုဒီသာ ကျွေးမွေးခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များအပြင် မီးပုံးပျံလွှတ်ပွဲ၊ စင်တင်တေးဂီတဖြင့်ဖျော်ဖြေခြင်း၊ ထည့်သွင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၃/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူး အောက်တိုဘာ ၂၂           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ်(၃/၂၀၂၅-၂၀၂၆) သင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စက်မှုလယ်ယာကဏ္ဍသို့ ကူးပြောင်းရေး နည်းလမ်းပေါင်းစုံဖြင့် ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ လယ်ယာကဏ္ဍတွင် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ တိုးတက်သုံးစွဲလာသည်နှင့် အမျှ လယ်ယာသုံးစက်ကိရိယာဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို စာတွေ့ လက်တွေ့ပို့ချသင်ကြား ပေးခြင်းဖြင့် တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်သုံးစွဲလာ …

Read More »