ပဲခူး အောက်တိုဘာ ၂၅ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော ကျန်းမာရေးဝန်ထမ်း များသည် အောက်တိုဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ သို့သွားရောက်၍ ရဟန်း၊ရှင်၊လူ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသန္တာဆွေ၊ ပဲခူးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အတူ ဆေးကုသမှုလာ ရောက်ခံယူကြသည့် ပြည်သူများအား အားပေးစကားပြောကြားကာ အထူးကုဆရာဝန်ကြီးများက ဘာသာရပ်အလိုက် …
Read More »Daily Archives: October 25, 2025
ပဲခူးမြို့၌ သဘာဝငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၅ ပဲခူးမြို့၊ ရန်ကင်းသာပန်းခြံအနီးရှိ ဟံသာဝတီရှေးဟောင်းကျုံး သဘာဝရေပြင်အတွင်းသို့ တိုင်းရင်းငါး မျိုး စိုက်ထည့်ခြင်းအခမ်းအနားအား အောက်တိုဘာလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဟံသာဝတီ ရှေးဟောင်းကျုံး သဘာဝရေပြင်အတွင်းသို့ တိုင်းရင်းငါးမျိုး စတင်စိုက်ထည့်ပေးခဲ့သည်။ ၎င်းနောက် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တိုင်းရင်းငါးမျိုးများ စုပေါင်းညီညာ စွာ စိုက်ထည့်ပေးခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဟံသာဝတီရှေးဟောင်းကျုံး ရေပြင်အတွင်းသို့ ငါးခုံးမအကြီး၊ ငါးမြစ်ချင်း၊ ငါးပြေမ၊ ငါးခူ၊ ငါးကျည်းနှင့် ငါးဖမ်းမ စုစုပေါင်းကောင်ရေ(၃)သိန်းအား စိုက်ထည့် ပေးခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းငါးမျိုးများ ပြုန်းတီးမှုမရှိစေရေး၊ သဘာဝနည်းလမ်းအတိုင်း …
Read More » 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
				 
				
			