ပဲခူး ဒီဇင်ဘာ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစားပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒီဇင်ဘာအားကစားလကို လူထုလှုပ်ရှားမှုအသွင်ဖြင့် အားလုံးပါဝင်နိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြို့နယ်များအလိုက် ဒီဇင်ဘာလတစ်လလုံး စနေနေ့တိုင်း စုပေါင်းလမ်းလျှောက်ပွဲများ ဆောင်ရွက်ရာတွင် နေ့ချင်းပြီးဆုပေး နိုင်သည့် အားကစားပြိုင်ပွဲများ ထည့်သွင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်သူလူထုများကိုလည်း ကျန်းမာရေးအတွက် အထာက်အကူပြုသည့် ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး နှိုးဆော်အသိပေးသွားရမှာဖြစ်ကြောင်းနှင့် လမ်းလျှောက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုဆိုင်ရာ အကျိုးကျေးဇူးများစွာ ပြည့်စုံကောင်းမွန်စေသည့် စွယ်စုံရတဲ့လေ့ကျင့်ခန်းတစ်ခု၍ အသက်အရွယ်မရွေး၊ လူတန်းစားမရွေး အားလုံးပါဝင်နိုင်ရေး ဆောင်ရွက် သွားရန် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website