Home / 2025 / December / 03

Daily Archives: December 3, 2025

ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ  ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၃           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားအား အမြင်အာရုံ မသန်စွမ်းသူတစ်ဦးက “အသက်ရှူသံ” သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မသန်စွမ်းသူများ၏ အခွင့်အရေးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရစ် စေရေး အလွန်အရေးကြီးပြီး လူမှုဘဝမြင့်မားရေးအတွက် မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများ ကို မြှင့်တင်ပေးပြီး သင့်တော်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ပေးသွားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အပတ်စဉ် နိုင်ငံ့ဝန်ထမ်းအိမ်ရာများ၌ အခြေခံစားသုံးကုန် နှင့် အသား/ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

ပဲခူး ဒီဇင်ဘာ ၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အပတ်စဉ် နိုင်ငံ့ဝန်ထမ်းအိမ်ရာများတွင် အခြေခံ စားသုံးကုန်နှင့် အသား/ ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှုအားပေး ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရှင်စောပုဝန်ထမ်းအိမ်ရာသို့ ရောက်ရှိခဲ့ ရာ ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား လက်လီအဆင့်ဆင့်မရှိဘဲ တိုက်ရိုက်ဈေးနှုန်းဖြင့် ရောင်းချနေမှု နိုင်ငံ့ဝန်ထမ်းများမှ ဝယ်ယူနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်း အိမ်ရာများတွင်သာမက အခြေခံစားသုံးကုန်များသာမက လူသုံးကုန်များလည်း ရောင်းချပေးသွား ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်ရှိ မြို့မဈေးများတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်း ဆိုင်များတွင်လည်း …

Read More »