ပဲခူး ဒီဇင်ဘာ ၃ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေသာလျာင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ နှစ်(၁၀၀) ပြည့် ဗုဒ္ဓပူဇနိယပွဲတော်၊ (၃၆)ကြိမ်မြောက် ပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းတော်ကြီးတင် ကပ်လှူ ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအား ဒီဇင်ဘာလ(၃)ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်လောင်းလှူပူဇော် ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့သည် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေသာလျာင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရင်ပြင်တန်စောင်း၌ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်မည့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ စေနာရှင် ပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များတို့၏ မဏ္ဍပ်အသီးသီးသို့ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဆန်+ဆီ+ဆေးအပါဝင် ပစ္စည်း (၁၈)မျိုးတို့အား ကြွရောက်လာသည့် သံဃာအပါး(၁၃၀)နှင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website