ပဲခူး ဒီဇင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ရိုဘတ်စတာကော်ဖီနှင့် ပြည်ပ ပို့ကုန် အမယ်သစ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရော်ဘာစိုက်ပျိုးသူလုပ်ငန်းရှင်များ၊ သစ်မာစိုက်ခင်းလုပ်ငန်းရှင်များ၊ နှစ်ရှည်သီးနှံစိုက်ခင်းလုပ်ငန်းရှင် များနှင့် တွေ့ဆုံအသိပညာပေး အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်များ ပြည့်မီကျော်လွန်ထွက်ရှိရေး၊ သီးထပ်စွမ်းအား/သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊ ဘေးအန္တရာယ်ကင်းရှင်း ပြီး ပြည်ပပို့ကုန် အရည်အသွေးမီ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်တင်ပို့နိုင်ရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ ရေမြေရာသီဥတု အခြေအနေနှင့်ကိုက်ညီသည့် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်တို့တွင် ရိုဘတ်စတာ(မြေနိမ့်)ကော်ဖီ (၁၁၂၄)ဧက စိုက်ပျိုးထားပြီးဖြစ်ကာ နှစ်စဉ်ဆက်လက်တိုးချဲ့ စိုက်ပျိုးသွား …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website