ပဲခူး ဒီဇင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုဝင်ဘာလ(၂၅)ရက်နေ့ကို အပြည်ပြည် ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားရှိပြီး နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားရှိခြင်းကြောင့် နှစ်စဉ်ကျင်းပ ပေးခဲ့ကြောင်း၊ မျက်မှောက်ခေတ်တွင် ဒစ်ဂျစ်တယ်နည်းပညာ အရှိန်ပြင်းပြင်းဖြင့် တိုးတက်လာမှုပေါ် တလွဲအသုံးချကာ အင်အားနည်းပါးသူ၊ မသိနားမလည်သူများကို ပစ်မှတ်ထားပြီး လိုသလိုအသုံးပြုရန် အတွက် သားကောင်အဖြစ်ရှာဖွေလာကြကြောင်း၊ ကျား၊မအခြေပြု အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက် နိုင်ရေးအတွက် (၂၄)နာရီ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသလို ၂၀၂၂ ခုနှစ်မှစ၍ မည်သည့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website