Home / 2025 / December / 10

Daily Archives: December 10, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး ဒီဇင်ဘာ ၁၀           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စု၊ ကျုံးရိုးကျေးရွာ၌ ပဲခူးမြစ်ကမ်းပြိုကျနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ကွေ့များပြားသည့် နေရာဖြစ်၍ ရေလမ်းကြောင်းဖြတ်ဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်သွားရန်၊ စိုက်ပျိုးမြေဆုံးရှုံးမှုအနည်းဆုံး ဖြစ်စေရေး Pilot Project ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လျှပ်စစ်မီးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာအဝင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်သည့် လုပ်ငန်းခွင်သို့ရောက်ရှိခဲ့ပြီး ပွင့်လင်းရာသီအတွင်း အချိန်မီ ပြီးစီးရန်၊ လမ်းအရည်အသွေးပြည့်မီမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် လမ်းပုခုံးသားများအမာခံ ရရှိသည်အထိ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ …

Read More »